Pages

Wednesday, May 22, 2013

Internet Explorer Has Stopped Working error ဖြေရှင်းရန်

Internet Explorer Has Stopped Working error ဖြေရှင်းရန်






ကျွန်တော်ပထမတော့ ဒီပို့စ်လေးကို မရေးပဲနေဦးမလို့ပါပဲ။ ဒါပေမယ့် အစ်ကိုတစ်ယောက်ကလည်း ဒီလို Error ဖြစ်နေတာနဲ့ ကျွန်တော် ဖြေရှင်းရမယ့် နည်းလမ်းလေးတွေကို ရေးပြီးတင်ပေးလိုက်ပါတယ်။ ကျွန်တော် အောက်မှာ တစ်ဆင့်ခြင်းကို ပုံလေးတွေနဲ့ ပြပေးထားပါတယ်။ သိပြီးသားသူတွေကတော့ သည်းခံပေးပါ။ အောက်မှာ ကြည့်ပေးပါခင်ဗျာ။
ကျွန်တော်တို့ ပထမဆုံးအနေနဲ့ Control Panel ထဲကနေ Internet Option လေးဆီကိုသွားလိုက်ပါ။ အဲ့ဒီကနေမသွားချင်ဘူးဆိုရင်လည်း Run Box ထဲမှာ inetcpl.cpl လို့ရိုက်ထည့်လိုက်ပါ။ ပုံလေးမှာလည်း ပြပေးထားပါတယ်။

အခုလိုသွားလိုက်ရင် ကျွန်တော်တို့ Internet Properties ကိုရောက်ပါပြီ။ အဲ့ဒီကနေ နောက်ဆုံး Tab လေးဖြစ်တဲ့ Advanced ဆိုတာကို ဆက်သွားလိုက်ပါ။ အဲ့ဒီကနေ Reset Internet Explorer Settings လေးအောက်မှာ Reset ဆိုတဲ့ Button လေးရှိပါတယ်။ ကျွန်တော်တို့ Reset ပေးလိုက်ပါ။ ဒါကတော့ ပထမဆုံးတစ်ချက်ပါ။ 
နောက်တစ်ချက်ကတော့ ကျွန်တော်တို့ IE ကိုဖွင့်လိုက်ပါ။ သူ့ဆီကနေ Tools ထဲကနေ Internet Explorer setting ကိုဆက်သွားလိုက်ပါ။ ပုံမှာလဲပြပေးထားပါတယ်။ အဲ့ဒီကနေ ဒုတိယမြောက် Tab ဖြစ်တဲ့ Security ဆိုတဲ့ Tab လေးကိုသွားလိုက်ပါ။ 
ကျွန်တော်တို့ အောက်မှာမြင်နေရတဲ့ Enable Protected Mode ဆိုတာလေးကို အမှန်ခြစ်လေးဖြုတ်ပေးပြီး IE ကို restart ပေးလိုက်ပါ။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ အသုံးမလိုတဲ့ Add ons တွေ တခြား Toolbars  လေးတွေကို ဖြုတ်ပစ်လိုက်ပါ။ နောက်တစ်ချက်အနေနဲ့ IE ကို ကျွန်တော်တို့ Add ons လုံးဝမပါပဲ သုံးလို့ရပါတယ်။ ကျွန်တော်တို့ Start Menu >All Programs ကနေပြီးတော့ Accessories ကိုသွားလိုက်ပါ။ အဲ့ဒီကနေမှ Systems Tools ဆိုတာလေးကိုဆက်ဝင်လိုက်ပါ။  အဲ့ဒီမှာ Internet Explorer (No add-ons) ဆိုတာလေးရှိပါတယ်။ အဲ့ဒီကောင်လေးနဲ့သုံးကြည့်ပါ။
နောက်ဆုံးအချက်ကတော့ IE ကိုဖြုတ်ပြီးပြန်ပြီး Install လုပ်ပေးလိုက်ပါ။ ကျွန်တော်တို့ ဒီလောက်ဆိုရင် ဒီ Error လေးအကြောင်းကိုသိလောက်ပြီ ထင်ပါတယ်။ ကျွန်တော်နောက်ပိုင်းစာများများရေးပေးပါ့မယ်။ အခုလောလောဆယ်လေး တော့ နည်းနည်းလေးသည်းခံပေးကြပါခင်ဗျာ။ 
အားလုံးကိုကျနော်မှကျေးဇူးတင်ပါတယ်ခဗျာ

Tuesday, May 14, 2013

မိုဗီ mp3 mp4 3gp DVD ပြောင်းချင်သူများအတွက် iWisoft free video converter (All in one) free

converter တွေ ပေါများလှပါတယ်. မိမိအသုံးတည့်တာကို သုံးလို့ရအောင် သိတာလေးကို ဝေမျှပေးလိုက်ပါတယ်. ဒီဟာလေးက တော်တော်လေးကို ပြည့်စုံတယ်လို့ထင်ပါတယ် free စစ်စစ်လေးပါ. သုံးကြည့်ရင်ပိုသိပါလိမ့်မယ်

AVI, MPEG, WMV, DivX, XviD, MP4, H.264/AVC, AVCHD, FLV, MKV, RM, MOV, 3GP, and audio MP3, WMA, WAV, RA, M4A, AAC, AC3, OGG. Directly convert video for playback on your PSP, iPod, iPhone, Apple TV, PS3, Xbox, Zune, Creative Zen, Archos and other digital multimedia devicesiWisoft free video converter (All in one)ရုပ်သံ တေးဖြတ် မျိုးစုံအသုံးဝင်သည်အပြင် gif, jpg စသည့် ဓါတ်ပုံဆိုင်ရာတွေမှာပါ သုံးလို့ရပါတယ်. vcd သီချင်းတစ်ပုဒ်လုံးကို swf file (flash song) အဖြစ်ပြောင်းလို့လဲရပါတယ်. မိမိအလိုရှိသလို ဖြတ်တောက်ပြီး လိုသည့်အပိုင်းကို ပြောင်းလို့လည်းရပါတယ်
စိတ်ဝင်စားရင်တောိ့download လုပ်လိုက်ပါ exe ဖိုင်ကတော့ 452 kb တည်းပါ exe ဖိုင်ကို run လိုက်ရင်တော့
8.7 MB ထပ်ဒေါင်းရပါလိမ့်မယ်
ကျန်တဲ့ နောက်လာမဲ့ဟာတွေကို Next> ကိုပဲနိုပ်ပေးလိုက်ပါ


 ပုံထဲက၀ိုင်းပြထားတဲ့ ဆော့ဝဲလေးကိုဖွင့်ပြီး သင့်စိတ်ကြိုက် ကလိ လို့ ရပါပြီ

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
အသုံးပြုပုံ

ရုပ်သံ ကြည်လင်ပြတ်သား၍ အသုံးပြုရလွယ်ကူလှပါသည် မိမိ နှစ်သက်သော အမျိုးအစားသို့ လျှင်မြန်စွာပြောင်းလဲပေးနိုင်သကဲ့သို့  you tobe မှသီချင်း မီုဗီ များကိုလဲ ဖုန်း အောက်စက် များတွင်ကြည့်ရှု၍ ရအောင်လွယ်ကူစွာပြောင်းလဲ နိုင်သည့်အတွက် ကွန်ပြူတာ တိုင်းမှာမရှိမဖြစ်ဆောင်းထားသင့်ပါသည်    မိမိကိုယ်တိုင်အသုံးပြုထားသည်မို့ ကောင်းမွန် တိကျမှန်ကန်ကြောင်း ထောက်ခံပါ၏
ကျေးဇူတင်ပါတယ်ဗျ
ဒေါင်းလုပ်လုပ်ရန်

Friday, April 12, 2013

Adobe illustrator cs5 portable လေးပါအလွယ်တကူသုံးနိုင်ပါတယ်


ကျနော်ဒီနေ့တင်ပေးလိုက်တာကတော့ adobe illustrator cs5 လေးပါ portable လေးပါ သုံးရတာအရမ်းလွယ်ကူပါတယ် အဆင်လည်းပြေပါတယ် -----------------portable ဆိုတဲ့အတွက်ကြောင့်
မို့အခွင့်ရေးတော့သိမရတာဆိုးတာပေါ့--ဘာဖြင့်ဖြင့်လေဒါလေးရှိထားတဲ့အတွက်ကြောင့်အဆင်ပြေပါ
တယ်နော့---------လိုချင်ရင်တော့အောက်ကလင့်လေးမှာယူသွားပါ----
Downloading From mediafire
 ဒေါင်းလုပ်လုပ်ရန်

photoshop cs5 စာအုပ် လေးပါလိုချင်သူများအတွက်






ကျနော် Adobe photoshop cs5 စာအုပ်လေးကိုကျနော်တင်ပေးလိုက်ပါတယ်အားလုံးပဲအဆင်ပြေပါစေ။နောက်ကျနော်ဆော့ဝဲလ်လေးကိုပါတင်
ထားပေးပါမယ်--------------လိုချင်ရင်တော့အောက်ကလင့်လေးမှာဒေါင်းလုပ်ယူသွားပါခဗျာ--------------
Downloading From mediafire
ဒေါင်းလုပ်လုပ်ရန်

Laptop ပျက်နေပြီဆိုရင် ဘယ်လိုဖြေရှင်းမလဲ


Laptop_Repair 
အခုပြောပြမယ့် အကြောင်းအရာလေးကတော့ ပျက်နေတဲ့ Laptop တွေကို ဘယ်လို Troubleshootလုပ်ရမလဲ၊ Problem တွေ ဘယ်လိုရှာကြ မလဲဆိုတဲ့ အကြောင်း အရာလေးပါ။ Laptop ရဲ့ Power Adapter ကို Plug ထိုးပြီး Power Button ကို ဖွင့်လိုက်တဲ့အခါမှာ အားလုံးဟာ ဘာ Sign မှ မပြဘူး။ Laptop မှာ ပုံမှန်အသံတွေလည်း မကြားရ။ LED ကလည်း မလင်း၊ Fan ကလည်း မလည်၊ Screen ကလည်း အမဲကြီးပဲ ဘာမှမပေါ်ဘူး ဆိုရင်တော့ သေချာသလောက် ၎င်း Laptop ပျက်နေပါပြီ။ ဒါဆို ဘယ်လိုဖြေရှင်းကြမလဲ။
Downloading From mediafire
ဒေါင်းလုပ်လုပ်ရန်

DVD Disc-burn လုပ်ရာမှာ ကြုံတွေ့ရတတ်တဲ့အမှားများ


CD, DVD Recorder and Media player တွေဟာ သူတို့ရဲ့ တာဝန်ဝတ္တရားကို ကျွမ်းကျင်ကျင် ဆောင်ရွက်ပေးနိုင်ကြသလို stable ဖြစ်တဲ့ထုတ်ကုန်တွေ လည်း ဖြစ်ပါတယ်။ဒါပေမယ့် အသုံးပြုတဲ့သူတွေက သတိလက်လွတ် လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် burn လုပ်ရာ မှာ ပျက်စီးမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အခု Brun လုပ်ရာမှာ အဖြစ်များတတ်တဲ့ အမှား ငါးခုနဲ့ဘယ်လိုရှောင်း ရှားနိုင်လဲဆိုတာကိုဖော်ပြသွားပါမယ်။

၁။ Verify မလုပ်မိခြင်း
Disc တွေ Burn လုပ်တာနဲ့ပတ်သက်ပြီး သတ်မှတ်ချက်တစ်ခုရှိမယ်ဆိုရင် အဲဒါဟာ “Verify လုပ်ပါ” ဆိုတာပဲ ဖြစ်ပါလိမ့်မည်။ Burning software ရဲ့ verify (ဒါမှမဟုတ် validate) function ကိုအသုံးပြုပြီး ဘာတွေဖတ်သွားတယ်၊ ရေးသွားတယ် ဆိုတာ နှိုင်းယှဉ်ကြည့် သင့်ပါတယ်။ Verify function ဟာ disc တစ်ချပ် အောင်အောင်မြင်မြင် burn လုပ်နိုင်တဲ့ အခွင့်အရေးထက် ပိုပြီး ကောင်းမလာနိုင်ပေမယ့် နောက် disc တစ်ချပ်ကို burn လုပ်တဲ့အခါ ပြဿနာကို အချိန်မီ ကြိုတင်သိထားနိုင်မှာ ဖြစ်ပါတယ်။ Successful burnလို့ဆိုပေမယ့် Play လုပ်ကြည့်မှသာ ကောင်းမကောင်းသိနိုင်ပါတယ်။ Discပျက်စီးသွားတာမျိုး၊ discကို ဖတ်ကြည့်လို့ မရအောင် burn လုပ်မိတာမျိုး ဖြစ်ပေါ်နိုင်ပါတယ်။
၂။ Media ရွေးချယ်မှု မှားယွင်းခြင်း
DVD တွေအတွက်ဆိုရင် DVD+R/RW, DVD-R/RW ၊ ဒါမှမဟုတ် DVD-RAM စတဲ့ ကိုယ့် Player က support လုပ်နိုင်တဲ့ media အမျိုးအစား ကို ရွေးချယ်အသုံးပြုရပါမယ်။ တကယ်လို့ ဈေးပေါပေါနဲ့အမှတ်တံဆိပ်မရှိတဲ့ blank media ( CD or DVD) တွေကို ၀ယ်ယူ အသုံးပြုမယ်ဆိုရင် verify လုပ်ဖို့ မမေးသင့်သလို ရံဖန်ရံခါ အရည်အသွေးမကောင်းတဲ့ disc တွေ ပါရှိလာမှာကိုလည်း သတိပြုသင့်ပါတယ်။ နောက်ပြီး DVD media တွေဟာ CD media တွေထက် reliable ပိုဖြစ်တာကိုလည်းတွေ့ရပါတယ်။
၃။ မြန်နှုန်းမြင့်ရေးမိခြင်း
Disc တစ်ချပ် burn လုပ်ဖို့ အချိန်အကြာကြီး စောင့်နေရတာကိုဘယ်သူမှ နှစ်သက်မှာမဟုတ်သလို မြန်နိုင်သမျှမြန်အောင် burn လုပ်တာဟာလည်း အကောင်းဆုံးနည်း တစ်ခု မဟုတ်ပါဘူး။ Rewritable CD and DVD တွေမှာ burning ပြဿနာ ကြုံတွေ့ရတာနည်း ပေမယ့် တစ်ခါတစ်လေ တချို့ CD-R and DVD-R တွေကို အမြင့်ဆုံး အမြန်နှုန်းနဲ့ရေးသားတဲ့ အခါ ပြဿနာတွေ့ကြုံရတတ်ပါတယ်။ နောက်ပြီး အမြန်နှုန်းတစ်ခုနဲ့တစ်ခုကြား burn လုပ်တဲ့ အချိန်ဟာ သိသိသာသာ ကွာခြားမှုမရှိတဲ့အတွက် ဖြစ်နိုင်ရင် အမြန်နှုန်းကို လျှော့ချပြီး burn လုပ်သင့်ပါတယ်။
၎။ Software တွေ up-to-date မဖြစ်ခြင်း
ပြိုင်ဆိုင်နေကျတဲ့ ဈေးကွက်အတွင်းမှာ burner ကိုဝယ်ယူစဉ်ကပါရှိလာတဲ့ firmware၊ ဒါမှမဟုတ် Software ဟာ ပြည့်စုံတိကျမှု ရှိချင်မှ ရှိပါလိမ့်မည်။Burner ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိဘူးဆိုရင် ထုတ်လုပ်ရောင်းချသူရဲ့ Website မှာ Update ဖြစ်မယ့် Software တွေရှာဖွေအဆင့်မြှင့်ပေးရပါမယ်။ တကယ်လို့ disc တွေကို burn လုပ်ရာမှာ ပြဿနာမရှိဘဲ ကောင်းမွန်နေတယ်ဆိုရင်တော့ update လုပ်စရာ မလိုပါဘူး။ တကယ်လို့ disc အမှတ်တံဆိပ် အသစ်တစ်ခုပြောင်းလဲအသုံးပြုလိုက်လို့ drive မှာ ပြဿနာ ဖြစ်နေတယ်ဆိုရင် firmware၊ ဒါမှမဟုတ် Software update တစ်ခုနဲ့ update လုပ်တာဟာ အကောင်းဆုံးဖြစ်ပါတယ်။
၅။ Application အများအပြား run နေစဉ် burn လုပ်ခြင်း
ဒီနေ့ခေတ်မှာ အသုံးပြုနေကြတဲ့ PC တွေဟာ disc တွေ burn လုပ်နေချိန်မှာ တခြားလုပ်ငန်းတွေ တစ်ပြိုင်တည်း ဆောင်ရွက်နိုင်အောင် လိုအပ်တဲ့ အမြန်နှုန်းထက် ပိုပြီး ပါဝါရှိကြပါတယ်။ ဒါပေမဲ့ တစ်ပြိုင်တည်း အလုပ်လုပ်နေတဲ့ application တွေကို တတ်နိုင်သလောက် လျှော့ချထားမယ်ဆိုရင် disc တွေ အောင်မြင်စွာ burn လုပ်နိုင်မယ့် အခွင့်အလမ်းတွေ တိုးတက်လာမှာဖြစ်ပါတယ်။ Multitasking၊ ဒါမှမဟုတ် background မှာ burnလုပ်တာကို  ရှောင်သင့်ပါတယ်။ ဖြစ်နိုင်မယ် ဆိုရင်တော့ burn လုပ်နေတဲ့အချိန်မှာ တခြား application တွေ run မလုပ်တာဟာ အကောင်းဆုံးပါ။

Aurora 3D Text &Logo Maker v12.Portable (ချစ်သူများနေ့မှာ ဒီဇိုင်း အလန်းဆုံးတွေ ဖန်တီးဖို့)






 Aurora လို့ အမည်ရတဲ့ 3D Text Logo Maker Portable လေးတစ်ခုပါ။ 3D Text တွေ Logo လေးတွေကို အလွယ်တူဖန်တီးနိုင်ပြီး သွားလေရာရာသို့ USB ဖြင့် ထည့်သွင်းယူနိုင်ပြီး  အလွယ်တကူအသုံးပြုနိုင်ပါသည် နောက်ထပ်ဖန်တီးစရာ ဒီဇိုင်းပေါင်းများစွာကိုလည်း အခုပေးထားတဲ့ ပရိုဂမ်လေးနဲ့ အလွယ်တကူ ဖန်တီးနိုင်ပါလိမ့် မည်။ အောက်မှာပေးထားတဲ့ Mirror creator.com Linkကနေပြီး Download လုပ်နိုင်ကြပါပြီ။ ချစ်သူများနေ့ မှာ ပျော်ရွှင်နိုင်ကြပါစေ။
Downloading From mirrorcreator

CD-ROM အကြောင်းသိကောင်းစရာ

CD-ROM ဆိုတဲ့ ခေါင်းစဉ်လေးကို တွေ့လိုက်ရတော့ CD ဆိုတာ မစိမ်းတော့တဲ့ စကားလုံးလေးပါ။ ဒါပေမဲ့ ROM ဆိုတာဘာကြီးလဲ။ တစ်ချို့တွေအတွက် လွယ်လွယ် ကူကူ အဖြေရှာလို့ရပေမဲ့ မသိသေးတဲ့သူတွေအတွက် ပြောပြပေးချင်တာက CD-ROM ဆိုတာ Compact Disc Read-Only Memory ပါ။
Read-Only ဆိုကတည်းက ရေးထားပြီးသား အချက်အလက် Data တွေကို ဖတ်လို့ပဲရပြီး ရေးလို့ ပြုပြင်လို့ မရပါဘူး။ ယနေ့ ခေတ်မှာ CD-ROM တွေကို အသုံးများလာကြပါပြီ။ အလွယ်ကူဆုံးပြောရရင် ယနေ့ကြည့်ရှုနေကြတဲ့ Video ကားတွေ ၊ သိပ္ပံ ဆိုင်ရာ၊ ဆေးပညာပိုင်းဆိုင်ရာ၊ ဥပဒေ၊ စီးပွားရေး၊ ပညာရေး စတဲ့ ကဏ္ဍအသီးသီးတွေမှ Data တွေကို CD နဲ့ ထည့်ပြီး သိမ်းထားတတ်ကြပါတယ်။ ဒါပေမဲ့ ရိုးရိုး CD-ROMတွေဆိုရင်တော့ ခုနကပြောခဲ့တဲ့အတိုင်း Read-Only ဆိုတဲ့အတွက် ဖတ်ပဲဖတ်လို့ရပါတယ်။ ဖတ်တယ်ဆိုတာ CD အထဲမှာ ရှိနေတဲ့ Data တွေကို စက်နဲ့ဖွင့်ကြည့်တာကို ပြောတာနော်။
ဒါပေမဲ့ နောက်ပိုင်းမှာ နည်းပညာ တိုးတက်လာတာနဲ့အမျှ တီထွင်မှုတွေ ဆန်းသစ်လာကြပါတယ်။ အဲဒါကြောင့် ဖတ်ရုံသာမဟုတ်ဘဲ ပြန်ရေးခြင်း ၊ ပြုပြင်ခြင်းများ ပြုလုပ်ဖို့ CD-R တို့ CD-RW တို့ ပေါ်လာပြန်ရော။အဲ …ယနေ့ ခေတ်မှာတော့ အချက်အလက်တွေ သိုလှောင်ပေးနိုင်တဲ့ ပမာဏ ( Memory Space ) ပိုဆန့်တဲ့ DVD ( Digital Versatile Disc ) တွေကိုတောင် အသုံးပြုလာကြပါပြီ။ ဒါကြောင့် DVD-ROMဆိုတာလည်း ပေါ်လာခဲ့ပါတယ်။ သို့ပေမယ့် ပထမဆုံး CD-ROM အကြောင်း ပြောပြချင်ပါတယ်။
CD-ROM ဘယ်လိုစတင်ဖြစ်ပေါ်လာသလဲဆိုတဲ့ သမိုင်းကြောင်းလေးကို အရင်ရှင်းပြပေးချင်ပါတယ်။ ၁၉၇၈ ခုနှစ်မှာ Philip နဲ့ Sony ကုမ္ပဏီ (၂) ခုက CD ကို စတင်တီထွင်မှုပြုရန် ကြိုးပမ်းခဲ့ကြပါတယ်။ ၁၉၈၂ခုနှစ်ရောက်တော့ အဲဒီ ကုမ္ပဏီ (၂) ခုက တရားဝင် ကြေငြာချက်ဖွင့်ပြီးတော့ ယခုအသုံးပြုနေတဲ့ CD တွေကို တီထွင်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာ CD-ROM ပြုလုပ်ထားပုံတွေကို ရှင်းပြပေးခဲ့ကြပါတယ်။ တူညီတဲ့နည်းပညာတွေကို အသုံးပြုထားတယ်လို့ ဆိုပါတယ်။
CD တွေ ပြုလုပ်ထားပုံကို ပြောပြရမယ်ဆိုရင်တော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ CD တွေကို Polycarbonate Wafer လို့ခေါ်တဲ့ အလွှာပါးတစ်ခုနဲ့ ပြုလုပ်ထားပြီး သူ့ရဲ့ အချင်းက 120 mm နဲ့ အထူကတော့1.2 mm ရှိပါတယ်။ အဲ … ဒီ့အပြင် 15 mm ရှိတဲ့ အပေါက်ကလေးက အလယ်မှာ ရှိပြန်ရော။ သူ့ကို ပလပ်စတစ်နဲ့ ပြုလုပ်ထားပြီးတော့ Data အချက်အလက်ပေါင်းများစွာကို သိမ်းဆည်းထားနိုင်ပါတယ်။
သူသိမ်းဆည်းထားနိုင်တဲ့ ပမာဏက 682 MB ရှိတယ်ဆိုပဲ။အခွေ (Disc) တွေပေါ်မှာတော့ 700 MB လို့  တွေ့မြင်နိုင်တယ်နော်။ စာရွက်အရေအတွက် ပမာဏနဲ့ တိုင်းကြည့်ရင်တော့ လန့်သွားမလားပဲ။ စာရွက်ပေါင်းခန့်မှန်းခြေ 333,000 စာကို သိမ်းဆည်းထားနိုင်လို့ ကျစ်လစ်စွာ ဖွဲ့စည်းတည်ဆောက်တဲ့ Disc လို့လဲ ဆိုနိုင်ပါသေးတယ်။ ပထမ ပြောခဲ့တဲ့ Polycarbonate Wafer အလွှာပါးပေါ်မှာ Aluminium Alloy လို့ ခေါ်တဲ့အလွှာပါးကို ထပ်ပြီးဖုံးအုပ်ထားပါသေးတယ်။ ဘာကြောင့်လည်းဆိုတော့  Data တွေ မပျောက်ပျက်အောင် ကာကွယ်ထားတဲ့ အနေနဲ့ပါ။ CD-ROM တစ်ခုဟာ 4.72 inch (သို့) 5 inch အရွယ်အစားရှိပြီး မိနစ်(၇၀)စာအသုံးပြုလို့ရပါတယ်။ လေဆာနည်းပညာဖြင့် ဖတ်ရန် သက်သက်အတွက်သာ အသုံးပြုနိုင်တဲ့ ROM တစ်မျိုး ဖြစ်ပါတယ်။
ကဲ အခု CD-ROM Drive အကြောင်း လေ့လာကြရအောင်။ CD-ROM Drive ဆိုတာက Capacity မြင့်မားပြီးတော့ သယ်ယူရွေ့ပြောင်းလို့ရတဲ့ Optical Drive ဖြစ်တယ်။ သူကအခြေခံအားဖြင့်တော့ Read-Onlyလို့ ဆိုတဲ့အတွက် အချက်အလက် Data တွေကို ဖတ်လို့ပဲ ရတာများတယ်။ Disc အထဲမှာ ရှိနေတဲ့  Data တွေကို ဖျက်တာတို့ ၊ ပြင်တာတို့ ၊ ထပ်ရေးတာတို့ လုပ်လို့ မရပါဘူး။ သို့ပေသိ… CD-R တို့ CD-RW တို့မှာဆိုရင်တော့ ပြုပြင်လို့တော့ရတယ်။ ဈေးပိုကြီးတယ်။ ဒါကြောင့် ဈေးသက်သာတဲ့ CD-ROM ကို ပိုပြီး အသုံးပြုတာ များပါတယ်။ CD-ROM က Floppy Disk ထက် မြန်ပေမဲ့ နောက်ဆုံးပေါ် Hard-Drive ထက်တော့နှေးတယ်နော်။
CD-ROM Drive အလုပ်လုပ်ပုံကို ဆက်လက်ဖော်ပြပေးချင်ပါသေးတယ်။ သူက အချက် (၆) ချက်နဲ့ အလုပ်လုပ်ပါတယ်။
(၁)   ပထမဆုံး Laser Diode က Energy နည်းပါးတဲ့ Infrared Beam ကို Mirror ကြေးမုံပြားပေါ်ရောက်အောင် လွှတ်တင်ပေးတယ်။
(၂)  Servo လို့ခေါ်တဲ့ Motor က CD-ROM ပေါ်ကို မှန်ကန်တဲ့ လမ်းကြောင်းအတိုင်း ရောက်ရှိဖို့  Mirror ကြေးမုံပြားကို ရွေ့ပေးခြင်းနဲ့ Beam ကို နေရာချပေးတယ်။
(၃)  Beam လေးက Disc ကို လာရိုက်မိတဲ့အခါ အလင်းတွေကို စုစည်းပေးတယ်။ Platter အောက်က Lens ကို ဖြတ်ပြီး ကြေးမုံကို ပြန်ကန်ထွက်လာတယ်။ အဲဒီိနောက် Beam Splitter ဆီ ရောက်ရှိသွားတယ်။
(၄)  အဲဒီ Beam Splitter က ပြန်ရိုက်ခတ်လာတဲ့ Laser အလင်းတန်းကို ဦးတည်ရာ Lens ဆီ ရောက်အောင် လမ်းညွှန်ပြပေးတယ်။
(၅)  အဲဒီနောက် Lens က Photo Detector ပေါ်ကို အလင်းကျရောက်ဖို့  ညွှန်ကြားပေးတယ်။  Photo Detector ဆိုတာက အလင်းမှ လျှပ်စစ်ခုန်နှုန်းတွေ အဖြစ် ပြောင်းလဲပေးတာ ဖြစ်ပါတယ်။
(၆)  အဲဒီ ၀င်လာတဲ့ ခုန်နှုန်းလေးတွေကို Microprocessor မှ Decode လုပ်ပြီး Data အဖြစ်နဲ့ Host Computer တွေဆီကို ပို့လွှတ်တာ ဖြစ်ပါတယ်။
အခုပြောပြခဲ့တဲ့ အချက် (၆) ချက်ကတော့ မျက်စိနဲ့ မမြင်နိုင်ပေမဲ့ ဗဟုသုတ အနေနဲ့ သိရှိထားရင် လုံလောက်ပါပြီနော်။

Screen ကို password ဖြင့် lock ချထားလို့ရတဲ့ matrix screen lock 2.0 (သင်္ကြန်အထူးလက်ဆောင်)




screen saver နဲ့ lock ချလို့ရပါတယ်။ ကိုကအပြင်ခဏသွားချင်ရင် screen ကို password ပေးပြီး lock ချသွားလို့ ရပါတယ် ..  ကိုယ်တိုင်က ကိစ္စတစ်ခုရှိလို့ အပြင်ကိုသွားချင်တယ်။Downloadကလဲ လုပ်ထားတယ် မပြီးသေးဘူး ဒုက္ခပဲဆိုပြီး ညည်းနေတဲ့ သူငယ်ချင်းများအတွက်ပါ။သူ့ဟာသူ download လုပ်နေပါလိမ့် မယ် မှတ်ချက်အနေနဲ့ပြောချင်တာတစ်ခုကတော့ တစ်ချို့ screen locker တွေဟာ Lock တော့ချပေးတယ်။ ဒါပေမယ့် အင်တာနက်ကို ရပ်ထားလိုက်တယ်။ ဒါလေး ကတော့ အဆင်ပြေပါတယ်။
လုပ်နည်း
  • (၁) Download လုပ်ထားတဲ့ file ကို install လုပ်လိုက်ပါ
  • (၂) ပြီးတာနဲ့ start Bar က ညာဖက်မှာ x ပုံစံလေးနဲ့ icon လေးကို တွေ့ရပါလိမ့်မယ်
  • (၃) Rightclick နှိပ်ပြီး setpassword ကိုပေးလိုက်ပါ
  • (၄) ကိုပေးချင်တဲ့ Password ကိုပေးလိုက်ပါ
  • (၅) ပြီးတာနဲ့ ကိုအပြင်ကိုသွားချင်တယ်ဆိုရင်တော့ အခုနက X icon လေးကို တစ်ချက်ကလစ်လိုက် တာနဲ့ lock ကျသွားလိမ့်မယ်

Download လုပ်ရန်
Downloading From mirrorcreator

Thursday, April 11, 2013

USB Stick နဲ့ Window 7 တင်နည်း



Window 7 ကို ကျနော်တို USB Stick ကနေတင်တဲ့နည်းလေးပါ။အခွေနဲတင်တာနဲ USB Stick တင်တာဘာကွာလဲဆိုတော့ USB Stick နဲတင်တာက ပိုပြီး အလုပ်မြန်မြန်ပြီးပါတယ်။နောက်ပြီး ကွန်ပျုတာက DVD Rom ကိုလည်း သက်သာစေပါတယ်။တစ်ချို ROM မရှိတဲ့ စက်တွေကို စတစ် နဲတင်လိုရပါတယ်။ကျနော်ကိုယ်တိုင်တင်တာ ဆယ့်ငါးမိနစ်ပဲကြာပါတယ်။
စတစ်မှာတင်ဖိုအတွက် ကျနော်တို လိုအပ်တာတွေကတော့

USB Stick 4GB အလွတ်တစ်ခု
Window 7 ISO ဖိုင်
Window 7 USB Tool လေးပါ။

Windows 7 USB Tool
ဆော့ဝဲကိုအင်စတောလုပ်လိုက်ပါ။အားလုံးပြီးသွားရင် Desktop မှာ Icon လေးပေါ်လာပါလိမ်မယ်။
အဲ့ ကောင်လေးကို Click လုပ်ပြီး ဖွင့်လိုက်ပါ။
Windows 7 USB TOol ISO select
ကျနော်တို Window 7 ISO ဖိုင်ရှိတဲ့နေရာကိုရွေးပေးလိုက်ပါ
ကျနော်တိုက ဒီနေရာမှာ USB Device ကိုရွေးပေးလိုက်ပါ။DVD နဲ ဘမ်းမယ်ဆိုလည်းရပါဒယ်။
နောက်တစ်ဆင့်မသွားခင်ကျနော်တို USB Stick အလွတ်လေးကို ကွန်ပျုတာမှာ ထိုးထားလိုက်ပါ။
အခုဆို ကျနော် Stick နာမည်လေးနဲတပ်လာပါပြီ။ဒီလိုပြနေရင် Begin Copying လုပ်လိုက်ပါ။ 100% ပြည့်သွားတဲ့အထိစောင့်နေလိုက်ပါ။
100% ပြည့်သွားပြီဆို Run နေတဲ့ ဆော့ဝဲလေးကိုပိတ်လိုက်ပါ။
My Computer ထဲကိုသွားကြည့်လိုက်ပါ။
အဲ့လိုလေးပေါ်နေပါလိမ်မယ်။ဒီလိုဆိုကျနော်တို Stick ထဲဝင်လိုက်ပါ။
Windows 7 USB Drive Version Tweak
အပေါ်မှာပြထားတဲ့လမ်းကြောင်းအတိုင်းသွားပြီးတော့ "ei.cfg" ဖိုင်လေးကို Delete လုပ်လိုက်ပါ။
ဒီလိုဆိုကျနော်တို Window 7 ကို USB စတစ်နဲ တင်လိုရပါပြီ။ကိုယ်တင်မယ်ကွန်ပျုတာမှာ 
Boot Option ကို USB လိုရွေးပြီး ၀င်းဒိုးတင်နိုင်ပါပြီ။
အားလုံးပဲအဆင်ပြေကြပါစေ.............................
Downloading From dropbox
Downloading From mediafire
 

ADOBE PREMIERE PRO CS4 လေးပါ----------


 
 
 
ရုပ်သံတည်းဖြတ်တည်းဖြတ်တာကို ၀ါသနာပါသူများအတွက် တင်ပေးလိုက်ပါတယ်ဝါသနာပါပြီး မသုံးတက်သူများအတွက်လည်းအဆင်ပြေအောင်  မြန်မာလိုသေချာလေးရှင်းပြပေးထားတဲ့စာအုပ်
လေးကိုကျနော်တင်ပေးလိုက်ပါတယ်
ဆော့ဝဲလ်လေးကိုတော့နောက်မှကျနော်တင်ပေးလိုက်ပါမယ်---------------------
Downloading From mediafire

Wednesday, April 10, 2013

Internet Download Manager 6.15 Build 8 Final




ကျွန်တော်ဒီနေ့  Internet Download Manager မှာ နောက်ဆုံး Update လေးဖြစ်တဲ့ 6.15 Build 8 Final   လေးတင်ပေးလိုက်ပါတယ်။    IDM ကိုတော့ ကျွန်တော် Update ဖြစ်တိုင်းနောက်မကျအောင် တင်တင် ပေးသွားမှာပါ။ အခုရက်ပိုင်းကတော့နည်းနည်းလေး ခွင့်လွှတ်ပေးပါဗျာ.။  အခုလည်း IDM ကို Install လုပ်ရတာအဆင်မပြေသူများအတွက် ဒီလင့်ခ်လေး  မှာရှင်းပြပေးထားပါတယ်။ ကြည့်ကြည့်လိုက်ပါ။ ဖိုင်ဆိုဒ်ကတော့ 4.8 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက် ပါဗျာ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေး ထားပါတယ်. အဆင်ပြေမယ့်လင့်ခ်လေး ကနေသာ ယူသွားလိုက် ပါဗျာ..
Downloading From filecloud
ဒေါင်းလုပ်လုပ်ရန် 
Downloading From Ziddu
ဒေါင်းလုပ်လုပ်ရန် 

ကွန်ပျူတာတပ်ဆင်ရာတွင်အသေးစိပ်ဖော်ပြထားတဲ့စာအုပ်လေးပါ

အားလုံးပဲအဆင်ပြေနိုင်ကြပါစေ
Downloading From Zippyshare
ဒေါင်းလုပ်လုပ်ရန်

ကွန်ပျူတာကိုဗိုင်းရပ်စ် ကာကွယ်နည်းလေးပါ

အားလုံးအဆင်ပြေကြပါစေ
Downloading From Zippyshare
ဒေါင်းလုပ်လုပ်ရန်

Photoshop လေ့လာလိုသူများအတွက် CS_3 အသုံးပြုနည်းနဲ့ လေ့ကျင့်ခန်း

Photoshop လေ့လာလိုသူများအတွက် CS_3 အသုံးပြုနည်းနဲ့ လေ့ကျင့်ခန်း


Cs-3 ဆော့ဝဲ သုံးနေသူများအတွက်  အသုံးပြုပုံ အသေးစိတ်နဲ့   နမူနာလေ့ကျင့်ဖို့ 

လေ့ကျင့်ခန်းတွေလည်းပါပါတယ် ။ ဆော့ဝဲရှိပေမယ့်  ဘေးမှာပါတဲ့ Tools တွေကို

သဘောမပေါက်ရင် အဆင်မပြေပါဘူး အဲ့ကြောင့်  ဘယ် Tools က ဘာလုပ်ဖို့ လဲ

ဆိုတာသိဖို့ ပါ။  နမူနာလေ့ကျင့်ခန်း  လိုက်လုပ်လို့ ရတာတွေက  လိုင်စင်ပုံလုပ်ဖို့ 

ကာလာချိန်ဆပြောင်းလည်းနည်း ၊ ပန်းချီဆွဲနည်း၊ နောက်ခံဒီဇိုင်း ပြောင်းလဲနည်း

နောက်ခံကို အုတ်ကွက်နံရံ ဒီဇိုင်းထည့်နည်းအပါအ၀င် လေ့လာလို့ ကောင်းတာ

အများကြီး ရှိနေပါသေတယ် ။ Cs-3 ရှိသူများ လေ့လာ လေ့ကျင့်နိုင်ပါပြီ...........
Downloading From mediafire
 ဒေါင်းလုပ်လုပ်ရန်
Downloading From Zippyshare
ဒေါင်းလုပ်လုပ်ရန်
Downloading From minus
ဒေါင်းလုပ်လုပ်ရန်

Monday, April 8, 2013

Laptop ၀ယ်ရင်သိထားရမဲ့အချက်များ

Laptop အကြောင်း သိကောင်းစရာ 
ကျွန်တော် ဒီအကြောင်းအရာကို မြန်မာမိသားစုဖိုရမ်မှာ တင်ထားတာရှိပါတယ်။ ကျွန်တော် စရေးပြီး အပိုင်းတွေကို ၂ ထိပဲ့ ရေးထားပါသေးတယ်။ ဒါပေ့မယ်ဆိုဒ်တိုင်းမှာ လိုလိုရောက်နေပြီး ဖတ်ပြီးသူတွေလည်း ရှိပါလိမ့်မယ်။ ကျွန်တော် အပိုင်းသုံးထိ ဒီဆိုဒ်မှာ ဆက်ရေးပေးသွားပါ့မယ်။ကျွန်တော် Laptop တလုံးကို စတင်ဝယ်ယူတော့မယ်ဆိုရင် ဘာတွေ သိထားသင့်တယ် ဘယ်အမျိုးအစားတွေက ဘာအတွက် ပါဝင်လာတယ် နောက်ထပ် ဘယ်အပိုင်းလေးတွေကို ဂရုစိုက်ပီး ၀ယ်ယူရမယ်ဆိုတာကို ပြောပြချင်ပါတယ်။ ခုနောက်ပိုင်းမှာ Laptop တွေ ခေတ်စားလာတာနဲ့ အတူ ထွက်လာတဲ့ အမှားများစွာကို ကျွန်တော်တို့ တွေ့ပီးရင်ဆိုင်နေရသူတွေ ရှိသလို ကျွန်တော်တို့ ဘယ် အမျိုးအစားက ဘာအတွက် သုံးတယ်ဆိုတာကို သိဖို့တွက်ကို ပြောပြချင်ပါတယ်။ကျွန်တော် နားလည်သလောက်ကို လူတိုင်းနားလည်အောင် တက်နိင်သလောက် အသေးစိတ် ဆန်ဆန် ရေးပေးချင်မိပါတယ်။ တပိုစ့်ချင်းဆီကို စောင့်ဖတ်ပေးပါလို့ ပဲ့ တောင်းဆိုပါရစေ။ကျွန်တော် ပိုစ့်ခေါင်းစဉ်တွေကို အောက်က လို အပိုင်း ၃ ပိုင်း ခွဲထားပါတယ်။
အပိုင်း (၁) ပါဝင်မူ အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်များ။
အပိုင်း (၂) Notebook , Laptop , Netbook and Desktop ရဲ့ ကွာခြားချက်
အားလုံးပဲကျေးဇူတင်ပါတယ်----------------------

Internet Download Manager 6.12 Beta Build 7 လေးပါ


သူငယ်ချင်း တစ်ယောက် ကျန်းမာရေး အခြေ အနေကြောင့်  မြန်မာပြည်ပြန်သွားတာ ကြောင့်ရော ကျွန်တော်လည်း စာမေးပွဲလေးတွေ ဆက်တိုက်ရှိနေတာရော အားလုံးပေါ့ဗျာ ဆိုဒ်နဲ့ ကျွန်တော့်ရဲ့ အစ်ကိုတွေ အစ်မတွေကို ဂရုမစိုက်မိသလို ဖြစ်သွားရင် ကျွန်တော်ဒီကနေတောင်းပန်ပါရစေခင်ဗျာ။ အခုနောက်ပိုင်းဆက်ပြီး ကျွန်တော်တင်ပေးသွားပါ့မယ်။ ကျွန်တော်ဒီနေ့  Internet Download Manager မှာ နောက်ဆုံး Update လေးဖြစ်တဲ့ 6.14 Build 3   လေးတင်ပေးလိုက်ပါတယ်။    IDM ကိုတော့ ကျွန်တော် Update ဖြစ်တိုင်းနောက်မကျအောင် တင်တင် ပေးသွားမှာပါ။ အခုရက်ပိုင်းကတော့နည်းနည်းလေး ခွင့်လွှတ်ပေးပါဗျာ.။  အခုလည်း IDM ကို Install လုပ်ရတာအဆင်မပြေသူများအတွက် ဒီလင့်ခ်လေး  မှာရှင်းပြပေးထားပါတယ်။ ကြည့်ကြည့်လိုက်ပါ။ ဖိုင်ဆိုဒ်ကတော့ 5.35 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက် ပါဗျာ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေး ထားပါတယ်. အဆင်ပြေမယ့်လင့်ခ်လေး ကနေသာ ယူသွားလိုက် ပါဗျာ..
Internet Download Manager 6.12 Beta Build 7Downloading From Sharebeast
Downloading From Zuddi

Monday, March 4, 2013

File too large for the Destination file system error ဖြေရှင်းနည်း


ကျွန်တော်တို့ ဒီလို Error လေးပေါ့ဗျာ။  ကြုံခဲ့ရတာလေးကို အဖြေရှာရင်းနဲ့ ကျွန်တော့်မိတ်ဆွေတစ်ယောက် လည်း ဖြစ်နေတာနဲ့ ကြုံလို့ ကျွန်တော့်မိတ်ဆွေ ညီအစ်ကိုမောင်နှမများကိုလည်း သိစေလိုတာနဲ့ တင်ပေးလိုက်တာပါ.။ ကျွန်တော်တို့ FAT 32 တွေဖြစ်တဲ့ Flash Drives လေးတွေမှာ အများဆုံး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ NTFS ကို အလွယ်ဆုံးပြောင်းပြီး Format ချတဲ့ ပုံစံလေးကို ပြပေးပါ့မယ်။ အောက်မှာ ကြည့်ရအောင်ဗျာ။

          ကျွန်တော်တို့ အရင်ဆုံး My Computer ကို Right-click ထောက်ပြီး Manage ကနေ Computer Management ကို သွားပါမယ်။

Computer Management ကိုရောက်ရင် ကျွန်တော်တို့ Device Manager ဆိုတာလေးကို ရွေးပေးပါ့မယ်။

ကျွန်တော်တို့ ဒီ Device Manager လေးကနေပြီးတော့  Disk Drives ဆိုတာလေးကို ရွေးပါမယ်။

ပြီးတာနဲ့ ကျွန်တော်တို့ရဲ့ USB Device အမျိုးအစားလေးကို ရွေးပေးပါ့မယ်။ အဲ့ဒီကနေပြီးတော့ ကျွန်တော်တို့ ရဲ့ USB Device လေးကို Right-click ထောက်ပြီး Properties ကိုဝင်လိုက်ပါ။ 

အဲ့ဒီကနေပြီးတော့ ဒုတိယမြောက် Tab လေးဖြစ်တဲ့ Policies Tab လေးကို ရွေးလိုက်ပါ။ အဲ့ဒီကနေ ဒုတိယမြောက်မှာရှိတဲ့ Better Performance လေးကို အမှန်ခြစ်လေးပေးပြီး OK ပေးလိုက်ပါ။ ပြီးတာနဲ့ ကျွန်တော်တို့ရဲ့ USB Stick လေးကို Format ရိုက်ပါ့မယ်။

Format ရိုက်တဲ့ အချိန်မှာ ကျွန်တော်တို့  NTFS ကိုပြောင်းပြီး Format ရိုက်ပါ့မယ်။ အောက်မှာကြည့်လိုက်ပါဗျာ။ FAT 32 ( Default ) အစား NTFS ကိုပြောင်းပြီး Format ရိုက်ပေးလိုက်ပါ.။




ပြည့်သွားတဲ့အချိန်ရောက်ရင်တော့ ကျွန်တော်တို့ရဲ့ ထည့်လို့ရတဲ့ ဖိုင်ကို ထည့်လို့ရသွားပါပြီ။ အားလုံးပဲ ဒီလောက်ဆိုအဆင်ပြေကြမယ်လို့ ထင်ပါတယ်။ PDF ဖိုင်လေးကိုတော့ အောက်မှာ နှစ်နေရာခွဲ တင်ပေးထားပါတယ် ။ အဆင်ပြေမယ့်လင့်ခ်လေး ကနေသာ ယူသွားလိုက်ပါဗျာ။
 PDF file download

Saturday, November 3, 2012

Internet Download Manger 6.12Build 11+Path

ကျွန်တော် Internet  Download  Manager နောက်ဆုံး Update လေးဖြစ်တဲ့ 28 ရက်နေ့ ထွက်တဲ့ ကောင်လေးကို တင်ပေးလိုက်ပါတယ် .. လောလောဆယ်တော့ နောက်ဆုံး Update လေးပါပဲ .. ဒီကောင်လေးကို Full Version လေးနဲ့ သုံးလို့ရအောင် အထဲမှာ Patch File လေးပါ ထည့်ပေးထားပါတယ် .. Patch File လေးကို အသုံးပြုမယ် ဆိုရင်တော့ မိမိတို့ အသုံးပြုနေတဲ့ Antivirus ကို ခဏပိတ်ထားဖို့တော့ လိုပါလိမ့်မယ် ... ကျွန်တော်တော့ စမ်းပြီးသွားပါပြီ အဆင်ပြေပါတယ် .. ကျွန်တော်လည်း လက်ရှိ ဒီကောင်လေးကိုပဲ အသုံးပြုနေတာပါ .. Firefox 13 အထိ Support လုပ်ပေးပါတယ် .. Update လေးကိုမှ အသုံးပြုချင်တယ် ဆိုသူများကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ..
ကျေးဇူတင်ပါသည်----------အဆင်မပြေတာရှိရင် comment လေးချန်ထားခဲ့ပေးနော်-----ဟိဟိ