Pages

Saturday, November 30, 2013

ကွန်ပြူတာအဆင့်ကိုမြှင့်တင်ခြင်းနှင့်ပြုပြင်ခြင်းပညာ


ကွန်ပြူတာအဆင့်ကိုမြှင့်တင်ခြင်းနှင့်ပြုပြင်ခြင်းပညာ


စာအုပ်အမည်း ကွန်ပြူတာအဆင့်ကိုမြှင့်တင်ခြင်းနှင့်ပြုပြင်ခြင်းပညာ
ရေးသားသူ
း ဖိုးနိုင်ဝင်း [Masterpiece]
အမျိုးအစားး  pdf
အရွယ်အစားး  16.6 MB
ဒီ စာအုပ်လေးကတော့ကွန်ပြူတာကို ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းဆောင်ရွက်ဖို့
ကွန်ပြူတာကိုစတင်လေ့လာသင်ယူလိုသူများအတွက် အသင့်တော်ဆုံး၊လေ့လာရန်အဆင်ပြေဆုံးဖြစ်နိုင်မဲ့ {PC Upgrade & Repair Simplified} pdf စာအုပ်လေးဖြစ်ပါတယ်။လေ့လာလိုသူများအောက်ကလင့်တွင်
 download ယူနိုင်ပါတယ်ခင်ဗျား။
အောက်မှာဒေါင်းရန်

Saturday, October 26, 2013

USB Stick ထဲမှ Virus များ ဖယ်ရှားခြင်း

USB Stick ထဲမှ Virus များ ဖယ်ရှားခြင်း




Zayyar Skynet :
ဦးဝင်းကမ္ဘာကျော် ကျနော်ကို ကူညီပေးပါဦး.. ကျနော်သုံးနေတဲ့ Stick နဲ့Memory Card တွေကိုဗိုင်းရပ်ကိုက်သွားပြီး အထဲက ဖိုင်တွေပါပျောက်ကုန်တယ် ကျနော် Format လည်းချုလို့မရဘူးဖြစ်နေတယ် Stick နဲ့ Memory Card တွေကိုဗိုင်းရပ်သတ်တယ့်ဆော့ဝဲလ် လေးများရှိရင်ကူညီပေးပါဦးနော် Format လည်းချချင်သေးတယ်ဗျ အဲဒီလိုမျိုးလုပ်ရင် အဆင်ပြေနိုင်လောက်မလားမလို့ပါ ကျနော်ကိုဆော့ဝဲလ် များရှိရင်ပို့ပေးပါခင်ဗျာ
ကျေးဇူးတင်ပါတယ်...။

နည်းလမ်း (၁)

ပထမဆုံး မိမိ မှာ ရှိတဲ့ Antivirus Program နဲ့ Full Scan စစ်ပေးပါ ...။

နည်းလမ်း(၂)

ခုတင်ပေးလိုက်တဲ့ Autorun Virus Remover လေးကို Install ပြီး Run ပါ ....Virus တွေတွေ့ခဲ့ရင် Delete လုပ်ပစ်ပါ..။

နည်းလမ်း (၃)

 Notepad ကို ဖွင့်ပါ ...ပြီးရင် အောက်မှာပေးထားတဲ့ Command လေးတွေကို Copy ကူးပြီး
ထည့်ပေးလိုက်ပါ..။

@echo
del: E:Autorun.inf
del: F:Autorun.inf
del: G:Autorun.inf
del: H:Autorun.inf
del: E:Recycled.exe
del: F:Recycled.exe
del: G:Recycled.exe
del: H:Recycled.exe
del: E:RUNDLL32.exe
del: F:RUNDLL32.exe
del: G:RUNDLL32.exe
del: H:RUNDLL32.exe
@echo

 File > Save မှာ နာမည် တစ်ခုခုပေးပြီး နာမည်နောက်မှာ .bat နဲ့ Memory Stick ထဲမှာ Save
ပေးပါ (ဥပမာ Stick.bat ) 
Memory Stick ကို ကွန်ပြူတာကနေ ပြန်ဖြုတ်ပြီး ပြန်တပ်လိုက်ပါ... စောစောက ထည့်ပေးထားတဲ့  Stick.bat 
ဖိုင်လ်လေးကို Double Click နဲ့ Run ပေးလိုက်ပါ ....။ ဒါဆိုရင် Stick ထဲ Memory Card ထဲမှာ ရှိတဲ့ Virus တွေကိုရှင်းလင်းပြီးသား ဖြစ်သွားပါလိမ့်မယ်...

အားလုံး အဆင်ပြေပါစေ....

Format ချဖို့ Tool ကိုတော့ ဒီမှာ ဒေါင်းယူနိုင်ပါတယ်..။

USB Disk Security 6.2.0.18 DC 25.09.2012

  2 comments



USB Disk Security ကို USB မှ Virus ဝင်ခြင်းကို 100% ကာကွယ်ပေးတဲ့ Software လေးပါ..... ( However, USB Disk Security is 100% compatible with all software) Update လေးထွက်လို့ ထပ်တင်ပေးလိုက်ပါတယ် အရင်က တင်ပေးထားတာ ဒေါင်းမရတော့ဘူးပြောနေတာလဲ ပါပါတယ်...။

USB Disk Security provides 100% protection against any threats via USB drive, however, the majority of other products are unable even to guarantee 90% protection. USB Disk Security is the best antivirus software to permanently protect offline computer without the need for signature updates, but other antivirus software should update signature database regularly, and they cannot effectively protect offline computer. This light and easy to use solution is 100% compatible with all software and doesnt slow down your computer at all. You pay USB Disk Security once and get it all, however, other antivirus products should be paid for updates every year.

Product Highlights:

100% protection against any malicious programs via USB storage
USB Disk Security uses innovative proactive technology to block any threats via USB drive. There are relatively few products available in shops or on the Internet which offer even close to 100% protection against any malicious programs via USB drive. The majority of products are unable even to guarantee 90% protection. USB Disk Security is the worlds best software to block threats via USB drive.

The best solution to protect offline computer
Other antivirus software should update signature database regularly, and they cannot effectively protect offline computer that is not connected to the Internet. When new viruses, worms and other malicious attacks strike, traditional signatures are insufficient. Every minute one waits for a virus signature update creates a window of vulnerability that could have devastating consequences. USB Disk Security uses advanced proactive detection techniques, requires no signature updates, and closes the window of vulnerability left open by other reactive, signature-based responses.

The worlds fastest and smallest antivirus software
With USB Disk Security, it’s not necessary to sacrifice speed for detection and scanning. Compare antivirus software and youll discover that USB Disk Security is by far one of the smallest applications in the industry. For example, the v5.0 of USB Disk Security installer is just 1 MB. The program utilizes approximately 1 to 7 MB of RAM.

100% compatible with all software
Incompatibility between antivirus programs is an issue. In the vast majority of cases, installing two antivirus programs from different vendors on one machine (for increased protection) is technically impossible, as the two programs will disrupt each others functioning. However, USB Disk Security is 100% compatible with all software, including Windows Vista.

Simple to use
USB Disk Security has been specifically designed to perform effectively regardless of the users level of computer expertise. Just install and forget it.

Home Page – www.zbshareware.com

Xiaopan OS ဖြင့် WPA/WPA2-PSK ပတ်စဝေါ့အား အလစ်သုတ်နည်း အဆင့်ဆင့်

Xiaopan OS ဖြင့် WPA/WPA2-PSK ပတ်စဝေါ့အား အလစ်သုတ်နည်း အဆင့်ဆင့်


 မင်္ဂလာပါ....

ဟိုတလောတုန်းက Beini နဲ့ WEP ပတ်စဝေါ့အလစ်သုတ်နည်း ပြောပြပြီးတဲ့နောက် အခုတခါ ဘော်ဘော်တွေက WPA/WPA 2-PSK တွေကိုပါ အလစ်သုတ်ချင်လာနေကြတယ်.... အဲ့ဒီတုန်းက Beini 1.2.3 ပဲထွက်သေးတော့ wpa ကိုရယူဖို့ ရာ Distionary Attack နဲ့ ပဲရသေးတော့ အဲ့ဒီမှာ ခေါင်းစားကုန်ကြတယ်.... အဲ့ဟာကြီးက ဘာကြီးမှန်းမသိဘူးပေါ့... အဲ့ဒါနဲ့ ပဲ လက်လျော့လိုက်ရတယ်...

အခုတခါတော့ Beini 1.2.5 ထွက်ရှိလာတဲ့အခါ wpa ပတ်စဝေါ့ကို အလစ်သုတ်ဖို့  Reaver ဆိုတဲ့ဖန်ရှင်ပါလာတဲ့အခါ အရင်လို ခေါင်းမစာတော့ပဲ ကလစ်တစ်ချက်နှိပ်တာနဲ့  အလစ်သုတ်လို့ ရလာတော့ အဲရစ်လို လူပြိန်းငတက်ပြားအတွက် အဆင်ပြေလာတယ်.... ဒါနဲ့ ပဲ တစ်ရက်တော့ မလေးရှားမှာနာမည်ကြီး ယူနီဖိုင်ဆိုတဲ့ wpa2-psk ပတ်စဝေါ့ကို အလစ်သုတ်ကြည့်မိတယ်..... ဒါနဲ့ ပဲ နေ့ လည် ၁၂ နာရီလောက်မှာ စပီး ခိုင်းတော့တာပဲ...... တစ်နေကုန်လွှတ်ထားလိုက်တယ်... ဖြစ်ချင်တာဖြစ်ဆိုပြီး.... ညနေ ၅ နာရီလောက် ကြည့်လိုက်တော့ ၃၀ % ပဲရှိသေးတယ်..... ဒါနဲ့ ဆက်လွှတ်ထားလိုက်တယ်..... ည ၁၀ နာရီကျပြန်တော့ ၅၅ % ... စောင့်ကြည့်မနေတော့ပဲ လွှတ်ထားလိုက်တော့တယ်.... မနက်မိုးလင်းကြည့်လိုက်တော့ ပတ်စဝေါ့ရပြီးဖြစ်နေတယ်.... မနက် ၃း၁၅ မှာရနေပြီးဖြစ်ပြီးတော့ ၉၂.၈၆ % မှာ ပတ်စဝေါ့ထွက်တာကိုတွေ့ ရတယ်..... ဆိုတော့ နာမည်ကြီး ယူနီဖိုင်ကို အလစ်သုတ်တာ ၁၅ နာရီလောက် ကြာတယ်လို့ ပြောရမယ်.....

နောက်တခါ ယူနီဖိုင်မဟုတ်ပဲ ရိုးရိုးလိုင်း wpa2-psk ကျတော့ ကြာချိန် ၇ နာရီရှိတယ်.... ဒါကြောင့် wpa2-psk ကိုအလစ်သုတ်ဖို့ ကြာချိန် အနည်းဆုံး ၇ နာရီကနေ အများဆုံး ၁၆ နာရီလို့ ဆိုလိုရမယ်ထင်တယ်.... စိတ်ရှည်ဖို့ နဲ့ အလစ်သုတ်မယ့်လိုင်းက ၂၄ နာရီဖွင့်တဲ့လိုင်းဖြစ်မယ်ဆို အဆင်ပြေပြေနဲ့ အလစ်သုတ်နိုင်မှာပါ....

အခုအဲရစ်ပေးမယ့်နည်းလမ်းက Xiaopan ဆိုတဲ့ iso လေးနဲ့  မိတ်ဆက်ပေးမယ်..... Beini နဲ့ တူတူပဲ.... သူ့ ကို ဒေါင်းပီးတော့ CD တစ်ချပ်လုပ်.... ပီးရင် CD ကနေ Boot တက်ပေးဖို့ ပဲ..... ဒေါင်းဖို့ က အောက်က လင့်မှာနော်.... 68MB ရှိတယ်...
CD ကတော့ လူတိုင်နီးပါးလုပ်တတ်လို့ မပြောပြတော့ဘူး.... အဲ.... CD ရှာရခက်တယ်... လောလောဆည် မရှိသေးဘူးဆိုရင်လဲ USB Pendrive နဲ့ လဲ အဆင်ပြေပါတယ်..... Pendrive ကို bootable လုပ်ဖို့ ကျတော့ အောက်မှာ ဒေါင်းလိုက်.... 5MB ရှိတယ်....
ဒေါင်းတဲ့အခါ ပြန်ရှာရလွယ်အောင် desktop ပေါ်မှာပဲသိမ်းထားတာ ကောင်းပါတယ်....
၂ခုစလုံး ဒေါင်းပီးပီဆိုရင် ပထမဦးဆုံး bootable pandrive လုပ်ဖို့ အတွက် unetbootin ကိုဖွင့်ပါ....

အောက်ကပုံစံအတိုင်း ၁း Diskmiage ကို click နှိပ်ပါ.... ၂း မျှားပြထားတဲ့နေရာကိုနှိပ်ပီး ခုနက ဒေါင်းထားတဲ့ Xiaopan ကို ရှာပီးရွေးပေးပါ.... ၃း pendrive ရဲ့ တည်နေရာပါ.... ပီးရင်တော့ ၄ အတိုင်း Ok နှိပ်ပါ....

အောက်ကပုံကတော့ bootable pendrive လုပ်နေတာပါ... ပီးရင်တော့ Reboot Now ကိုနှိပ်လိုက်ပါ... 

Boot ပြန်တက်လာရင် ကျွန်တော်တို့ က Boot Order ပြန်ပြောင်းပေးရပါမယ်.... အဲရစ်စက်က boot order ပြောင်းဖို့  F12 ကိုနှိပ်ရပါတယ်.... စက်အမျိုးအစားအလိုက် Boot order ပြောင်းရင် နှိပ်ရတဲ့ခလုတ် မတူညီပါဘူး... Desktop ကျပြန်တော့ F11. ဒါလဲ ပုံသေပြောလို့ မရပါဘူး.... အဲရစ်စက်ကတော့ Acer ပါ.... ဒါကြောင့် Boot တက်တက်ချင်း F12 ကိုနှိပ်ပါတယ်....
အောက်ကပုံကတော့ Boot Order ထဲဝင်သွားပုံပါ...

ရောက်သွားရင် USB ရဲ့ တည်နေရာနံပါတ်ကိုကြည့်ပါ... နံပတ် 3 ဖြစ်တဲ့အတွက် နံပတ် 3 ဆီအောက်မြှားနှိပ်သွားပြီး Enter ကိုနှိပ်ပါ....

အော်တို Boot လုပ်ပေးပါလိမ့်မယ်...

boot လုပ်ချိန် ခဏလေးစောင့်ပါ.... 
Xiaopan ထဲ ရောက်သွားပါပြီ...

ရောက်သွားရင် အောက်ကပုံမှာပြထားတဲ့အတိုင်း minidwep-gtk ကို နှိပ်ပါ...

Ok ကိုနှိပ်ပါ....

တကယ်လို့ စက်မှာ wireless card တစ်ခုထက်ပိုတပ်ထားရင် wlan0 ဆိုတာကိုနှိပ်ပီး wireless ကိုရွေးချင်ရွေးနိုင်ပါတယ်.... တစ်ခုထက်ပိုရင် wlan0, wlan1, wlan2 စသဖြင့် မြင်ရပါမယ်.... ကြိုက်နှစ်သက်ရာ ကဒ်ကိုရွေးချယ်ပါ... 

မြှားပြထားတာကိုနှိပ်ပီး WEP or WPA/WPA2 စဖြင့်လည်း ရွေးချယ်နိုင်ပါတယ်... အခုက WPA2 ကိုအလစ်သုတ်မှာဖြစ်လို့  ရွေးချယ်စရာ မလိုပါ....

ပီးရင်တော့ Scan နှိပ်ပါမယ်...

Scan လုပ်ပီး လိုင်းတွေတက်လာပုံပါ.....

မြင်ရတဲ့ လိုင်း၂လိုင်းမှာ အပေါ်ကလိုင်းက WPA2-PSK ဆိုပြီး နောက်မှာ Client Address နဲ့  wps ဆိုတာပါတယ်....
အောက်ကလိုင်းက WPA နောက်မှာ wps ပဲပါတယ်....
ဘာထူးခြားလဲဆိုတော့ အနောက်မှာ wps ပါတဲ့လိုင်းတွေက အလစ်သုတ်ရတာလွယ်တယ်....
အဲ့ထဲကမှ အပေါ်ဆုံးကလိုင်းလို Client Address လဲပါမယ်.... သုနောက်ကမှ wps ပါတဲ့လိုင်းဆို ပိုအသေချာဆုံးပါပဲ....
ဒါကြောင့် အပေါ်ဆုံးကလိုင်းကို click နှိပ်ပီး Reaver ကိုနှိပ်လိုက်ပါ.....

Ok ကိုနှိပ်ပါ...

Ok နှိပ်ပီးတဲ့နောက် စတင် အလုပ်လုပ်နေပါပြီ.... Trying Pin ဆိုပြီး ဂဏန်းလေးတွေတက်နေပါမယ်....

ပုံမှာမြင်ရတဲ့အတိုင်း 0.04% ကို ၃၆ စက္ကန့် ကြာတယ်ဆိုတော့ ၁၀၀% ဖြစ်ဖို့ တော်တော် အချိန်ယူရမှာပါ....
အဲရစ်စမ်းသပ်ပီးသလောက်တော့ ၉၂% ကျော်ကျော်လောက်မှာ ပတ်စဝေါ့ ထွက်ပါတယ်.....

အောင်မြင်သွားပြီဆိုရင်တော့ အောက်ကပုံအတိုင်းထွက်လာပါမယ်.... အားလုံးကို ရေးမှတ်ထားဖို့ လိုပါတယ်.... အလည်က WPA PSK က သုပတ်စဝေါ့ပါ.... ဒါကတော့ Beini 1.3.5 ရဲ့ နမူနာပုံစံပါ... အဲ့လိုမြင်ရပါ့မယ်.... ၉၅% မှာ ပတ်စဝေါ့ထွက်ကြောင်းလဲ လေ့လာမှတ်သားမိပါတယ်...

အခုဆိုရင် အားလုံလိုချင်နေတဲ့ wpa/wpa2-psk ကိုအောင်မြင်စွာ အလစ်သုတ်နိုင်ပြီဖြစ်လို့  မလေးရှားက သူငယ်ချင်းတွေ အကန့် အသတ်မရှိ သုံးနိုင်တဲ့ သာမာန်လိုင်းတွေထက် ပိုမြန်တဲ့ ယူနီဖိုင် ဆိုတာကြီးနဲ့ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.... အကန့် အသတ်မရှိသုံးနိုင်တော့ သူလဲမသိသာတော့ဘူးပေါ့.....
အဓိကကတော့ အလစ်သုတ်မယ့်လိုင်းက ၂၄ နာရီဖွင့်တဲ့လိုင်းဖြစ်ဖို့ နဲ့  စိတ်ရှည်ရှည်နဲ့ ဇွဲမလျော့ပဲ မနားတမ်း ထိုးဖောက်ရမှာဖြစ်တဲ့အကြောင်း အသိပေးလိုက်ပါတယ်....

Tuesday, August 13, 2013

မြန်မာတို့ရဲ့အလန်းတကာ့အလန်းဆုံး Shweyoe Dictionary Version 3.0 ( 10 MB)

မြန်မာတို့ရဲ့အလန်းတကာ့အလန်းဆုံး Shweyoe Dictionary Version 3.0 ( 10 MB)

4
မြန်မာတွေ ထွင်ထားသမျှ Dictionary တွေထဲမှာ နံပတ် ( 1) အလန်းဆုံး ဖြစ်မယ့် Dictionary လို့ကျနော်
ထင်ပါတယ်.. အင်္ဂလိပ် ၊ ရှရှား ၊ ထိုင်း ၊ ကိုရီးယား ၊ ဂျပန် ဘာသာစကားငါးမျိုးကနေ မြန်မာဘာသာလို့
ပြောင်းလဲနိုင်ပါတယ်..မိမိသိချင်တဲ့စာလုံးကို အသံထွက်လည်းပြောပြပေးနိုင်ပါတယ်.. ဖွဲ့စည်းမှုအသွင်အ
အပြင်လည်း သေသပ်မှုရှိပြီး အခြား Dictionary များထက် အားသာတဲ့အချက်တွေကတော့ ဒီအဘိဓာန်
ထဲမှာမပါတဲ့ စကားလုံးများ ဘာသာပြန်များကို ထပ်မံပေါင်းထည့်ပြီး မှတ်သားထားနိုင်သလို.. အင်တာနက်
နဲ့ချိတ်ဆက်ထားမယ်ဆိုရင် မိမိရှာလိုတဲ့ စကားလုံးဟာ ဒီအဘိဓာန်ထဲမှာမပါသော်လည်း နာမည်ကြီး
စွယ်စုံကျမ်းဗဟုသုတ Website ကြီးများဖြစ်တဲ့ Wikipedia နဲ့ Wikitionary တို့လို စွယ်စုံဝဘ်ဆိုဒ်များ
တွင် အလိုအလျောက်ရှာဖွေနိုင်ပါသေးတယ်...ပညာရပ်နယ်ပယ်အသီးအသီးတွင် လေ့လာလိုက်စားနေကြ
သော ကျောင်းသားကျောင်းသူများ..ဆရာ .ဆရာမများ အတွက် အထူးအသုံးဝင်ဆုံး..ဆောင်ထားဖို့
အကောင်းဆုံး ဖြစ်ပြီး Online ရော.. .Offline ပါ Support ပေးတဲ့ မြန်မာ့နံပတ် 1 အဘိဓာန် Software
ကောင်းလေးတစ်ခုဖြစ်ပါတယ်ခင်မျာ...ဒီ Software ကိုအသုံးပြုမယ်ဆိုရင် မိမိစက်မှာ NetFraem 4 ထည့်
သွင်းထားဖို့လိုအပ်ပါမယ်ခင်မျာ... NetFrame work ကိုတော့ မဖြစ်မနေဒေါင်းသွားကြဖို့မမေ့နဲ့နော်..
တော်တော်များများအတွက်လိုအပ်နေလို့ပါ..ကဲ..ဒီပိုစ့်လေးကို ကြိုက်တယ်ဆိုရင် www.mmithelper.com သို့လာလည်ကြပါဦးနော်..Myanmar IT Helper မှာ ကူညီဖြေရှင်းပေးနေပါတယ်ခင်မျာ..အားလုံးအဆင်ပြေကြပါစေ :)
မသိသေးသူများအတွက် ဒေါင်းလုပ်လုပ်ရာတွင် ညာဘက်နားတွင်အမှတ်စဉ် ၁ ကနေ ၅ အထိပြေးနေပါတယ် ပြည့်သွားရင် SKIP AD  လို့ပေါ်နေပါတယ်အဲဒီနေရာလေးကိုတစ်ချက်နိုပ်ပီးဒေါင်းလုပ်ယူနိုင်ပါသည်-----ကျေးဇူတင်ပါတယ်-----

shweyoe dictionary ဒေါင်းရန်အောက်သို့
ဒေါင်းလုပ်လုပ်ရန်
NetFrame work ဒေါင်းရန်အောက်သို့
ဒေါင်းလုပ်လုပ်ရန်

Sunday, June 23, 2013

Window XP ရဲ့ဝှက်ဖဲ

Window XP ရဲ့ဝှက်ဖဲ

 စိတ်ဝင်စားဖို့ကောင်းပါတယ် စုစုပေါင်း အခု ၄၀ ရှိပါတယ် လန့်မသွားနဲ့နော် ဖတ်ကြည့်လိုက်ပါ
ကိုတိုင်ရေးထားတာမဟုတ်ဘူးနော် သူများဆိုက်ကနေကူးလာတာ လေလွင့်သူလေးက တကယ်တော့ဘာမှမတက်ပါဘူးနော် တခြားဆိုက်တွေကို ကိုးကားနေတာပါ ကဲကဲ ဖတ်ကြည့်လိုက်ပါနော်
(၁) Start Menu ကို ပိုမိုမြန်ဆန်စေဖို့
Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry editor ကိုဆိုလိုတာပါ။)
ဘယ်ဘက် panel မှာ “HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ “control panel” ကို
ထပ်ရွေးပါ။ “Control panel” ထဲကမှ Desktop ကို ရွေးပါ။ ညာဘက်အကွက်မှာ ပေါ်လာတဲ့
“Menushowdelay” ကို Right click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့ Restart
ပြန်လုပ်ပါ။
(၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။
- Start ကိုသွားပါ။
- Run box ကိုဖွင့်ပါ။
- “gpedit.msc” ဆိုပြီး ရိုက်ပါ။
- ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။
- “Administrative Templates” ကိုရွေပါ။
- “Windows components” ကို ရွေးချယ်ပါ။
- “Terminal services” ကိုရွေးချယ်ပါ။
- ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon exit” မှာ Right click နှိပ်ပါ။
- Properties ကို ရွေးချယ်ပါ။
- ပြီးရင် “disable” ကို ရွေးချယ်ပါ။
(၃) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။
နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start ကို ကလစ်နှိပ်ပါ။
- Run box ကိုဖွင့်ပါ်။
- “% temp%” လို့ ရိုက်ထည့်ပါ။
- အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို ‘Ctrl+A’ နဲ့ Select ပေးပြီး ဖျက်ထုတ်ပစ်ပါ။ (အချို့  လုပ်ဆောင်နေဆဲ
ဖိုင်တွေကိုတော့ ဖျက်လို့မရတဲ့ အကြောင်း ပြောလာတတ်ပါတယ်။)


(၄) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။
နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start > Run box ကိုဖွင့်ပါ။
- “Prefetch” လို့ ရိုက်ထည့်ပါ။
- တွေ့သမျှ ဖိုင်မှန်သမျှ ဖျက်ပစ်ပါ။

(၅) Hard disk ကို အချိန်ရှိသရွေ့  ရှင်းလင်းပေးပါ။
- All Program ကိုသွားပါ။
- Accessories ကနေတစ်ဆင့် “System tools” အောက်မှာ ရှိနေတဲ့ “Disk Clean Up” ကို ကလစ်နှိပ်ပါ။ ၅
မိနှစ်အ တွင်းမှာ ပုန်းကွယ်နေတဲ့ အ မှိုက်သရိုက်တွေ မှန်သမျှကို ရှင်းလင်းပေးပါလိမ့်မယ်။ (ကိုယ်အ နေနဲ့
အပြင်ကို ခဏတဖြုတ် သွားမယ့် အ ချိန်မျိုးတွေမှာ သိပ်အ သုံးဝင်ပါတယ်။)

(၆) မသုံးတဲ့ ပရိုဂရမ်တွေကို ဖယ်ထုတ်ပါ။
- Start > Run
- “msconfig” လို့ရိုက်ပါ။
- “System configuration Utility” box ပေါ်လာပါမယ်။
- ညာဘက် အ စွန်းဆုံးမှာ “Start up tab” ဆိုတာ ရှိပါတယ်။
- ကိုယ့်အ တွက် အသုံးမ၀င်တဲ့ program တွေရဲ့  ရှေ့  မှာ အ မှန်ခြစ် အ မှတ် အ သား လုပ်ထားခဲ့ရင် ပြန်ပြီး
“uncheck” လုပ်ပေးပါ။
- Restart နဲ့ ပြန်စပါ။

(၇) လုံခြုံစေဖို့ ဖိုင်စနှစ် ပြောင်းသုံးပါ။
- Start > all programs > accessories > command prompt တစ်ခုချင်း ကလစ်နှိပ်ပြီး သွားပါ။
- Command pormpt ပေါ်လာရင် အနက် screen ကြီးကို တွေ့ရပါမယ်။
- မှိတ်တုတ်မှိတ်တုတ် cursor လေးနဲ့ “convert c:fs:ntfs” လို့ရိုက်ပါ။
- ပြီးရင် ‘Enter’ ခေါက်ပါ။
- Command prompt ကို နောက် တစ်မျိုး “Start > Run” မှာ cmd လို့ ရိုက်ထည့်ပြီး သွားနိုင်ပါတယ်။
- တကယ်လို့ NTFS ပြောင်းပြီးသား ဆိုရင် ပြောင်းဖို့ မလိုပါ။ My computer ကို Right Click နှိပ်ပြီး
“properties” မှာဖွင့်ကြည့် နိုင်ပါတယ်။
- cmd ထဲဝင်ပြီး ပြန်ထွက်မရ ဖြစ်နေရင် “exit” လို့ရိုက်ပြီး ထွက်ပါ။

(၈) Memory ပိုမို အလုပ်လုပ်စေနိုင်ဖို့
- XP ရဲ့ default မှာ memory ရေရှည် အသုံးခံနိုင်အောင်နဲ့ တခြား လိုအပ်တဲ့ စနစ်ပိုင်း ဆိုင်ရာတွေကို
မောင်းနှင်ဖို့ စီမံထားပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်အတွက် အသုံးမ၀င်ပါဘူး။ ရှိရင်းစွဲ memory
ကိုပဲ လှည့်ကွက်တစ်ခု အနေနဲ့ ပိုပြီး ကောင်းမွန်အောင် သုံးစွဲနိုင်ပါတယ်။
- Start > Run > Regedit အဆင့်ဆင့်သွားပါ။
- Registry panel ရဲ့ ဘယ်ဘက်မှာ “HKEYLOCALMACHINE” ကို click နှိပ်ပါ။
- “System” ကို ကလစ် နှိပ်ပါ။
- “Current control set” ကို ကလစ် နှိပ်ပါ။
- “control” ကို ကလစ်နှိပ်ပါ။
- “Session Manager” ကို နှိပ်ပါ။
- “Memory Managment” ကိုကလစ်နှိပ်ပါ။ ညာဘက် panel မှာ ရှိတဲ့ “Disable pasing executive” ကို
Double Click နဲ့ ဖွင့်ပါ။
- Large System Cache ကိုလည်း double click နဲ့ ဖွင့်ပါ။
- Decimal value ကို “1″ ပြောင်းပေးပါ။
- Restart ပြန်လုပ်ပါ။ Memory Performance ပိုပြီး ကောင်းမွန်လာပါလိမ့်မယ်။

(၉) ဖိုင်တွေကိုလုံခြုံစေဖို့ password ပေးပါ။
ကိုယ့်ရဲ့ဖိုင်တွေ၊ folder တွေ၊ ebook စတာတွေကို လုံခြုံစေဖို့ နည်းလမ်းအ မြောက်အ မြား ရှိပါတယ်။
password ပေးပြီး သိမ်းဆည်းထားတာဟာ အ လုံအခြုံဆုံးပါပဲ။ အဲဒီလို password ပေးတဲ့အ ခါမှာ
သိမ်းဆည်းချင်တဲ့ ဖိုင်တွေကို folder တစ်ခုထဲကို အ ရင်ထည့်ပါ။ ပြီးရင်ကိုယ်မှတ်မိတဲ့ Name ပြောင်းပါ။ ပြီးရင်
Windows ရဲ့ built-in zip format ကို password ပေးပါ။
- Zip Software ကို install လုပ်ပြီး သုံးစွဲတာက ပိုကောင်းပါတယ်။
- Win Zip Software ကို ဖွင့်ပါ။
- File menu အောက်မှာရှိတဲ့ Add a password ကို ကလစ်နှိပ်ပါ။
Winrar Software ကို install လုပ် ခဲ့မယ်ဆိုရင်တော့
- ဖိုင်ကိုကလစ်ထောက်လိုက်ပြီး ချုံ့ပေးပါ…လို့ ခိုင်းပါ။
- Advanced မှာ “Set password” ကို click နှိပ်ပါ။
- Password line နှစ်ကြောင်း တွေ့ရပါလိမ့်မယ်။ တစ်ခုနဲ့တစ်ခု တူညီရပါမယ်။

(၁၀) ဖိုင်တွေ လုံခြုံစေဖို့ ရုပ်ဖျက်ထားနိုင်ပါတယ်။
ဆော့ဖ်ဝဲအသုံးပြုထားတဲ့ ဖိုင်မှန်သမျှဟာ အဲဒီဆော့ဖ်ဝဲရဲ့ extension နဲ့ အဆုံးသတ်ပါတယ်။ ဥပမာ ebook
စာအုပ်တွေဆိုရင် (.pdf)၊ စာစီစာရိုက် ဆော့ဖဲဝဲ pagemaker ဆိုရင် (.pmd)၊ Photoshop ဆိုရင် (.psd)
(.jpg) စတဲ့ အဆုံးသတ် extension တွေပါဝင်ပါတယ်။ အဲဒီ extension တွေကို ဖော်ထားလို့ ရသလို
ဖျောက်ထားလို့လည်းရပါတယ်။
- ပထမဆုံး My Computer ကိုကလစ်နှိပ်ပြီး အထဲကို ၀င်ပါ။
- Folder options ကို သွားပါ။ (Tools အောက်မှာ ရှိပါတယ်။)
အဲဒီက “File Types” ကို ကလစ် နှိပ်ပါ။ (အဲဒီအခါမှာ ဖိုင်ရဲ့ extension တွေ တစ်ခုချင်းစီအလိုက်
ပေါ်လာပါလိမ့်မယ်။
- အခု ဖုံးကွယ်ထားမယ့် ဖိုင်တစ်ခုကို extension ပြောင်းပေးပါ။ ဥပမာကိုယ်က (.pmd)နဲ့ စာရိုက်ထားတဲ့ page
တစ်ခုကို ဖျောက်ထားချင်ရင် အဲဒီ (.pmd) နေရာမှာ (.pdf) စသည်ဖြင့် ပြောင်းလဲပေးလိုက်ပါ။
- ပြီးရင် extension ဖော်ထုတ်ထားတာကို ပြန်ပြီး ဖျောက်ပစ်လိုက်ပါ။
- အဒီအခါမှာ ကိုယ့်ဖိုင်ဟာ ကိုယ်ကိုယ်တိုင်တောင်မှ မမှတ်မိ နိုင်တော့တဲ့ ဖိုင်အမျိုးအစား တစ်ခုအနေနဲ့
ပြောင်းလဲသွားပါလိမ့်မယ်။

(၁၁) ပရိုဂရမ်ရဲ့ အမြန်နှုန်းတွေကို မြှင့်တင်ပါ်။
Screen ရဲ့ အောက်ခြေမှာရှိတဲ့ ‘taskbar’ ကို Right click လုပ်ပါ။
- ပေါ်လာတဲ့ box ထဲက ‘Task Manager’ ရွေးပါ။
- ‘Task Manager’ ထဲကမှ ‘process tab’ ကို ရွေးချယ်ပါ။ ကိုယ့် ပီစီထဲမှာ ရှိတဲ့ ပရိုဂရမ်တွေ၊ browser တွေ
ပေါ်ထွက် လာပါလိမ့်မယ်။
- ကိုယ် မကြာခဏ သုံးစွဲလေ့ရှိတဲ့ ပရိုဂရမ်ပေါ်မှာ “Right Click” နှိပ်ပါ။
- ‘pirority’ ကို High လုပ်လိုက်ပါ။
- ကိုယ်သုံးစွဲတဲ့ ပရိုဂရမ်ဟာ သိသိသာသာ အမြန်နှုန်း မြင့်တက်လာပါလိမ့်မယ်။

(၁၂) Hibernate မလုပ်ပါနဲ့။
Hibernate ကို ကွန်ပျူတာ သမားတွေ အသိများပါတယ်။ နောက်တစ်နေ့မှာ ကိုယ်သုံးစွဲထားခဲ့တဲ့
ပရိုဂရမ်တွေအတိုင်း ပြန်ပေါ်ထွက်လာအောင် စီစဉ်ပေးထားတာပါ။ ဒါပေမယ့် memory ကို အရမ်းစားပြီး hard
disk မှာလည်း မတရား နေရာယူလွန်းပါတယ်။
- Control Panel ကိုဖွင့်ပါ။
- Power Options ကို click နှိပ်ပါ။
- Hibernate ကို ရွေးချယ်ပါ။
- ‘Enable hibernation’ ကို ‘Uncheek’ ပြန်လုပ်ပါ။ (ခွင့်မပြုဘူး ဆိုတဲ့ သဘောပါ။)

(၁၃) Memory နည်းပါးနေတဲ့ အခါ
အမြဲလို ကြုံရဘူးပါတယ်။ ဆော့ဖ်ဝဲ နှစ်ခုလောက်ပြိုင်အလုပ်လုပ်တဲ့အခါ ‘Memory Inerupt’ ဆိုပြီး
ဆော့ဖ်ဝဲ တစ်ကို ပိတ်သွားတာမျိုး ရှိသူတွေအတွက် လျှော့ချသင့်တဲ့ ပုံစံတွေ ရှိပါတယ်။ XP မှာ
အသစ်ပေါင်းထည့်ထားတဲ့ feature အသစ်ဟာ momery ကို အလွန်သုံးစဲသွ လို “Thames” တွေကလည်း
memory ကို သုံးစွဲပါတယ်။ ဒါကြောင့် Style XP လို “Thames” တွေကို memory မြင့်မြင့်မားမား မရှိဘဲနဲ့
install မလုပ်ပါနဲ့။ Window ရဲ့ ဂန္တ၀င် ပုံစံဟာ memory ကို ချွေတာရာရောက်ပြီး အလုပ် များများရှိတဲ့
လူတွေအဖို့ သင့်တော်ပါတယ်။
- Control Panel > System
- Advanced tab ရွေးချယ်ပါ။
- ‘Performance’ မှာ ’setting’ ဆိုတာ ပါဝင်ပါတယ်။ အဲဒီ setting ကို ကလစ်နှိပ်ပြီး ‘Adjust for best
performance’ ကို ရွေးချယ်ပါ။
နောက်တစ်နည်းနဲ့ Start Menu ကို ဂန္တ၀င် ပုံစံပြောင်းလို့ ရသေးပေမယ့် အ ခုနည်းက OS ကနေ
အ လိုအ လျှေက် ညှိနှိုင်း ဆောင်ရွက်ပေးတဲ့ အ တွက် ကောင်းပါတယ်။

(၁၄) Automatic update ကို ပိတ်သင့်ပါသလား။
အ င်တာနက် ချိတ်ဆက်ထားတဲ့ ပီစီတွေ အ ဖို့တော့ Automatic update ကို ပိတ်ထားတာဟာ အ ဆိုးရော
အ ကောင်းရော ဖြစ်စေပါတယ်။ အ ဆိုးကတော့ browser မှာ ထည့်သွင်းထားတဲ့ ‘add-ons’ လို update တေ
ွမရနိုင် တော့ပါ။ အ ကောင်းဘက် ကတော့ memory ကို ပိုမို များပြားစွာ သုံးစွဲစေပြီး XP ကို ပိုမြန်စေပါတယ်။
- Control Panel > System
- Automatic updating ကို Turn Off လုပ်ပေးပါ။

(၁၅) ပရိုဂရမ်တွေကို Shortcuts တွေ တည်ဆောက်ထားပါ။
- Desktop မှာ New Floder ဖန်တီးပြီး ‘Application’ လို့ အမည်ပေးပါ။
- ပြီးရင် ပရိုဂရမ် တွေရဲ့ Shortcuts တွေ မှန်သမျှ ထည့်ပေးပါ။
- Taskbar မှာ Right Click နှိပ်ပြီး toolbar မှာ ‘New toolbar’ ကို သွားပါ။
- အခုန တည်ဆောက်ထားတဲ့ ‘Application’(New Floder)’ ဆီကို ညွှန်းပေးပါ။
- ပီစီဖွင့်တိုင်းမှာ Shortcuts တွေကနေ တစ်ဆင့် အမြန်ဆုံး အလုပ်လုပ်နိုင်ပါမယ်။

(၁၆) ‘Shut-down’ shortcut ဖန်တီးနိုင်ပါတယ်။
- Desktop မှာ Right Click နှိပ်ပါ။ New shotcut ကို ဖန်တီးပါ။
- နာမည်မှာ ’shutdown-s-to’ လို့ အမည်ပေးပါ။
- ပြီးရင် properties ကို သွားပါ။ Target နေရာမှာ “C:/Windows/system32/shutdown.exe”ကို ရွေးပေးပါ။
(XP.SP2 သမားတွေအတွက်တော့ အလွယ်တကူနဲ့ C > Windows > System32 > “shutdown icon” အထိ
သွားပြီး shutcut ဖန်တီးနိုင်ပါတယ်။)

(၁၇) Keyboard shotcut တွေကိုသုံးပါ။
Ctrl+A ဆိုတာ Select All ၊ Ctrl+C ဆိုတာ Copy ၊ Ctrl+V ဆိုတာ Pasteဒီလိုမျိုး မြန်ဆန်စေတဲ့
ကီးဘုတ်ဖြတ်လမ်း နည်းလေးတွေကို သုံးစွဲကြည့် နိုင်ပါတယ်။

(၁၈) Fonts တွေကို ခဏ ဖယ်ထုတ်ထားပါ။
ဖြစ်နိုင်ရင်တော့ တချို့  Fonts တွေဟာ ဥပမာအားဖြင့် ကိုယ်ဟာ စာစီစာရိုက် သမားတစ်ယောက်၊ Web
designer တစ်ယောက်မဟုတ်ရင် မလိုအပ်တဲ့ font တွေကို အပြီးတိုင် ဖယ်ထုတ်ထားလို့ ရပါတယ်။
Photoshop လို ပရိုဂရမ်မျိုးဟာ ဖွင့်ချိန် အရမ်းကြာမြင့်တာဟာ သူ့ရဲ့ library ထဲကို အသင့်သုံးပစ္စည်းတွေကို
ခေါ်ယူနေတာကြောင့်ပါ။ အဲဒီ လိုမျိုးပဲ တခြားပရိုဂရမ်ေ်တွဟာ ကြာနေတတ်တာဟာလည်း အကြောင်းအမျိုးမျိုး
ရှိနိုင်ပြီင်္း အဒီထဲက အကြောင်းတစ်ခုက ‘Fonts’ တွေကို loading လုပ်နေရလို့ပဲ ဖြစ်ပါတယ်။
- Control Panel > Fonts ကို ဖွင့်ပါ။
- Folder အသစ်တစ်ခု ဆောက်ပါ။ အသုံးမလိုတဲ့ Fonts တွေကို သီးသန့် ပေါင်း စုထားပြီး၊ control panel
ကနေ ခွဲထုတ်နေရာ ရွှေ့  ပစ်လိုက်ပါ။
- ဒါဟာ ပရိုဂရမ်တွေကို မြန်ဆန်စေတဲ့ လျှို့ ဝှက်ချက် တစ်ခုပါပဲ။

(၁၉) Font အရွယ်အစား ပြောင်းလဲ ကြည့်နိုင်ရန်
အင်တာနက် သုံးစွဲ နေတဲ့ အချိန်မှုာ Image ပေါ်မှာ ရေးထားတဲ့ စာလုံးတွေကိုပဲ ဖြစ်ဖြစ် တခြားနေရာ မျိုးစုံက
အက္ခရာတွေကိုပဲ ဖြစ်ဖြစ် ပိုမိုသဲကွဲစွာ မြင်နိုင်ဖို့ နည်းရှိပါတယ်။
- Ctrl ကို ဖိထားရင်း keyboard အပေါ်တန်းက “+” ကို နှိပ်ပါ။ နှိပ်လေလေ font နဲ့ webpage စာမျက်နှာ
ကြီးလာလေလေ ဖြစ်ပါလိမ့်မယ်။ အရွယ်အစား လျှော့ချဖို့ ကတော့ ‘Ctrl’ နဲ့ အနှုတ်လက္ခဏာကို
တွဲဖက်အသုံးပြုပါ။

(၂၀) Shift + Delete ကို သတိထားပါ။
ရိုးရိုး Delete ဟာ ဖိုင်တစ်ခုကို ဖျက်ပစ်လိုက်ပေမယ့် အမှိုက်ပုံးထဲမှာ ကိုယ်စားကျန်ပါသေးတယ်။ Shift Key
ကို သတိထားပြီး Delete ခလုတ်ကို နှိပ်ချလိုက်မယ် ဆိုရင်တော့ အပြီးတိုင် ဖျက်ပေးသွားပါလိမ့်မယ်။ မလိုလား
အပ်တဲ့ အကျိုးဆက်တွေ ဖြစ်စေနိုင်တာမို့ ‘Shift + Del’ ကို သတိထားပြီး သုံးစွဲပါ။

(၂၁) Error report ကို ပယ်ဖျက်ပါ။
ပရိုဂရမ်တွေ မျိုးစုံ ဖွင့်နေရင်း တစ်ခါတစ်လေမှာ ပရိုဂရမ် တစ်ခုခုဟာ ကြာမြင့်နေတဲ့ အချိန်မှာ hang
မသွားခင်မှာ windows ရဲ့ ‘Error report’ box တက်လာတတ်ပါတယ်။ အဲဒါကို ဖျောက်ထားပစ်ပါ။
- Control Panel > System
- ပြီးရင် Advanced ကို click နှိပ်ပါ။Aဲဒီထဲကမှ ‘Error Reporting’ Disable ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။

(၂၂) ‘Open-with’ ဆိုတာ
ဗီဒီယိုဖိုင်တွေ အတွက်ဆိုရင် ‘Open-with’ ဟာ အ လွန်အ သုံးဝင်ပါတယ်။ window media player ကို
လက်မခံတဲ့ file extension တွေကို open-with နဲ့ ဖွင့်လှစ်ရပါမယ်။ (အ ရင်ဆုံး player တချို့ ကိုတော့ install
လုပ်ဖို့ လိုပါလိမ့်မယ်။)
- ဖွင့်ချင်တဲ့ ဖိုင်တစ်ခုကို ‘Right Click’ ထောက်ပြီး ‘open with’ ကို ရွေးချယ်ပါ။
- ‘Browser’ လုပ်လိုက်ရင် ပရိုဂရမ်တွေ အစီအ ရီ ပေါ်ထွက်လာပါလိမ့်မယ်။ စိတ်ကြိုက်တစ်ခုကို ရွေးချယ်ပြီး
ဖွင့်လှစ် နိုင်ပါတယ်။ ဘယ်လိုမျှ ဖွင့်ကြည့်လို့ မရဘူးထင်တဲ့ Note pad ပုံစံ ပရိုဂရမ်တွေကို word pad နဲ့
ဖွင့်လို့ ရပါတယ်။

(၂၃) Open-with ဟာ ပိုပြီး မြန်ဆန်ပါတယ်။
Photoshop မှာ (.psd) ဆိုတဲ့ ပရိုဂရမ်ပိုင် extension တွေက လွှဲလို့ တခြားပုံရိပ်တွေကို ဖွင့်ကြည့်ချင်ရင်
‘open-with’ က ပိုပြီးမြန်ဆန်ပါတယ်။
Open-with ကနေ ‘Image Viewer’ ကို ရွေးချယ်ပေးပါ။

(၂၄) Filmstrip နဲ့ ရုပ်ရှင် ကြည့်နိုင်ပါတယ်။
ကိုယ့်မှာရှိတဲ့ ပုံရိပ်တွေ အားလုံးကို floder ထဲမှာ တစ်စု တစ်စည်းတည်း ထားလိုက်ပါ။ ဓါတ်ပုံတွေ အားလုံးကို
ရုပ်ရှင် တစ်ခုကို ကြည့်နေရသလိုမျိုး စ်ီထားနိုင်ပါတယ်။
- Floder ကို ဖွင့်လိုက်ပါ။
- ပြီးရင် Menu bar ထဲက ‘View’ မှာ Filmstrip ကို ရွေးချယ်လိုက်ပါ။
- Ctrl Key ကို ကိုင်ထားပြီး လိုအပ်သလို အကွက်ရွှေ့ လို့ ရပါတယ်။

(၂၅) IE ရဲ့ homepage ကို Blank လုပ်ထားပါ။
IE ကို ဖွင့်ရာမှာ တစ်ခါတလေ စိတ်ပျက်ဖို့ ကောင်းပါတယ်။ မိုက်ကရိုဆော့ဖ် ရဲ့ default home page
“msn.com” ဟာ ငြီးငွေ့စရာ ကောင်းလောက်အောင်ကို ကြာမြင့်လွန်း တတ်ပါတယ်။ တကယ်လို့ IE ကို
ဖွင့်လိုက်တိုင်းမှာ အဖြူထည် စာမျက်နှာ ဖြစ်နေတာဟာ ပိုပြီး မြန်ဆန် စေပါတယ်။
- IE ကို ဖွင့်ပါ။
- Tools ကို ကလစ်နှိပ်ပါ။ General အောက်မှာ ရှိတဲ့ address box မှာ user blank ကို ကလစ်နှိပ်ပါ။
- Apply ကို ကလစ်နှိပ်ပါ။ OK ကို ကလစ်နှိပ်ပါ။

(၂၆) Domain တွေကို key နဲ့ သုံးပါ။
- www. google.com ကို သွားဖို့ အ တွက် အ ရှည်ကြီး ရိုက်နေဖို့ မလိုပါဘူး။
- google ကို ရိုက်ပါ။ ပြီးရင် Ctrl key ကိုင်ထားပြီး Enter ခေါက်ပါ။ အဲဒီလို short-cuts တွေကို လေ့လာရင်း
သုံးစွဲရင် ပိုမြန်ဆန် စေပါတယ်။

(၂၇) ‘Animated dog’ ဟာ လေးလံပါတယ်။ ပယ်ဖျက်ထားပါ။
Search box ဟာ အ လွန်နှေးပါတယ်။ စက်ကို crash ဖြစ်သွား စေမတတ် ပါဘဲ။ အဲဒီ ခွေးကလေးကို
ပယ်ဖျက်ထားပါ။
- Search window ကို ဖွင့်ပါ။
- Change preferences ကို click လုပ်ပါ။
- ‘Without an animated screen character’ ကို ကလစ်နှိပ်ပါ။
- Animated object မရှိတော့တဲ့ Aတွက် Search box ဟာ ပိုပြီး မြန်ဆန် လာပါလိမ့်မယ်။

(၂၈) Network အတွင်းလေ့လာ ကြည့်ခြင်း
ကိုယ့်ရဲ့ network ဧရိယာ များမှာ ဘယ်သူတွေ ရှိနေသလဲ ဆိုတာ ကြည့်ရှုချင်ရင် My Network places ကနေ
ကြည့်ရှုလို့ ရပါတယ်။ ပီစီတစ်လုံးကနေ နောက်တစ်လုံး ဆီကို access လုပ်ဖို့ ကို တော့ admin ခွင့်ပြုချက်
ဒါမှမဟုတ် password ရယူရပါမယ်။ My Network places မှာ ‘view word group computer’ ကိုရွေးလိုက်။
အဆက်အသွယ် တွေ အကုန်လုံးကို တွေ့ရပါလိမ့်မယ်။

(၂၉) MP3 သီချင်းတွေကို ကလစ်တစ်ချက်တည်းနဲ့ ဖွင့်နိုင်ပါတယ်။
- Control panel > Taslbar and Start Menu ကို ရွေးချယ်ပါ။
- Start Menu ကို ကလစ်နှိပ်ပါ။
- Customize ကို ကလစ်နှိပ်ပါ။
- Advanced tab ကို ကလစ်နှိပ်ပါ။
- My Music ကို ရွေးချယ်ပါ။

(၃၀) Print Screen သို့မဟုတ် Capture ဖမ်းယူခြင်း
ကွန်ပျူတာပေါ်က မြင်းကွင်းတစ်ခုခုကို ပုံရိပ်အနေနဲ့ ကူးယူပြီး ကိုယ့်အတွက် ပြန်လည်၍ အသုံးချနိုင်ပါတယ်။
- လိုချင်တဲ့ image ဒါမှမဟုတ် webpage ကို ဖွင့်ပါ။
- Keyboard က ‘print screen preview’ ကို ကလစ်နှိပ်ပါ။ (ဖွင့်ထားတဲ့ ပုံရိပ် အနည်းငယ်သာ လိုချင်ရင် Alt
နဲ့ တွဲနှိပ်ပါ။)
- ပြီးရင် Start > Run box မှာ ‘mspaint’ဆိုပြီး စာရိုက်ပါ။ (ရိုးရိုး paint program ကို ခေါ်သုံးရင်လည်း
ရပါတယ်။)
- paint ပေါ်လာပြီဆိုတာနဲ့ ‘Ctrl+V’ ဒါမှမဟုတ် ‘File menu’ အောက်က ‘paste’ ကို ကလစ်နှိပ်ပါ။ (ဤ paint
နေရာမှာ အခြား Clipboard ရှိတဲ့ ဓါတ်ပုံ တည်းဖြတ် ဆော့ဖ်ဝဲ တွေ photoshop corel draw စတာတွေ သုံးစွဲ
နိုင်ပါတယ်။)

(၃၁) Screen Saver ကို Slide Show လုပ်နိုင်ပါတယ်။
- Control Panel > display
- Display properies box ကျလာရင် ’screen saver tab’ ကို ရွေးချယ်ပါ။
- နောက်ဆိုရင် Screen Saver ဟာ ရုပ်ရှင်တွေ ပြသလိုမျိုး ပုံရိပ်တွေ တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင်
ပေါ်လာပါလိမ့်မယ်။
- (My Picture folder ထဲမှာ ကိုယ်လိုချင်တဲ့ Image တွေကို အရင်ဆုံးထည့်ထားရပါမယ်။ Slide Show မှာ
ပုံရိပ်တစ်ခု နဲ့ တစ်ခုအကြား ကြာမြင့်ချိန်ကို စိတ်ကြိုက် ရွေးချယ် ပြောင်းလဲ နိုင်ပါတယ်။)

(၃၂) Pop-up တွေကို လက်မခံပါနဲ့။
Firefox browser မှာ pop-up blocker ဆိုပြီး လုံခြုံရေး tool ပါဝင်တဲ့ အပြင် add-ons တွေနဲ့ အထူး ပိတ်ပင်
တားဆီးလို့ ရနိုင်ပါတယ်။ IE ရဲ့နောက်ဆုံးထွက် version7.0 ကို install လုပ်လိုက်မယ် ဆိုရင်တော့ pop-up
ပြဿနာဟာ ၇၀% လျှော့ကျ သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် browser မှန်သမျှရဲ့ နောက်ဆုံးထုတ် version
ကို ရအောင် ယူထားပါ။

(၃၃) Toolbar ပြုပြင်ခြင်း
- firefox မှာ Menubar ပေါ်မှာ Right click နှိပ်ပါ။
- အဲဒီထဲက ပေါ်လာတဲ့ customize bar ထဲကို ကိုယ်လိုချင်တဲ့ ‘icon’ တွေကို ပေါင်းထည့် ပေးပါ။
IE အတွက်ကတော့
- IE ကို ဖွင့်ပါ။
- View > toolbar > customize
- အဲဒီအထဲကမှ စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ ဒီလိုပြင်ဆင် ထားတဲ့အတွက် ကိုယ်လိုချင်တဲ့ အချိန်မှာ
လိုသလို အသုံးချနိုင်တဲ့ icon တွေ အဆင်သင့် မြန်မြန် ဆန်ဆန် ရှိနေမှာပါ။

(၃၄) Private data ကို လုံခြုံအောင်ထားပါ။
- IE ကိုဖွင့်ပါ။ Tools Menu မှာ ရှိတဲံ့ internet options ကနေ Clear History ကို ကလစ်နှိပ်ပါ။ ‘Cache’
ကိုရှင်းပါ။ ပိုပြီး အန္တရာယ် ကင်းစေချင်ရင် ‘Cookies’ တွေကို ရှင်းပါ။
Firefox ကို ဖွင့်ပါ။ “Options” ကို ကလစ်နှိပ်ပါ။
- Privacy ကို ကလစ်နှိပ်တဲ့အခါမှာ box ရဲ့ အောက်ဆုံးမှာ “private data” တွေ့ရပါမယ်။ “Setting” ကို ၀င်ပြီး
အမှန်ခြစ်တွေ ပေးထားပါ။ OK နှိပ်ပြီး ပြန်ထွက်ပါ။ “Always Clear my private data when I close firefox”
ရှေ့ မှာ အမှန်ခြစ်ပေးပါ။ Cyber cafe မှာ သုံးစွဲဖို့ သင့်တော်စေတဲ့ tool တစ်ခုပါ။

(၃၅) Entry တွေကို ရှင်းလင်းပါ။
- Start > Run
- Regedit လို့ရိုက်ပြီး Enter ခေါက်ပါ။
- HKEY_LOCAL_MACHINE ကို ကလစ်နှိပ်ပါ။
- Software ကို ကလစ်နှိပ်ပါ။
- Microsoft ကို ကလစ်နှိပ်ပါ။
- Windows ကို ကလစ်နှိပ်ပါ။
- Current Version ကို ကလစ်နှိပ်ပါ။
- Uninstall ဆိုပြီးပေါ်လာပါမယ်။အဲဒီထဲမှာ ကိုယ် uninstall လုပ်စဉ်တုန်းက အကြောင်း အမျိုးမျိုး ကြောင့်
မပျက်ခဲ့တဲ့ ဆော့ဖ်ဝဲ အကြွင်းအကျန်နဲ့ အစအန တွေကို ရှင်းလင်း ထုတ်ပါ။
- Restart ပြန်လုပ်ပါ။

(၃၆) Mouse ကို ချောမွေ့ စွာ ကိုင်တွယ်နိုင်ပါတယ်။
များသောအားဖြင့် Mouse ရဲ့ default ဆက်တင်ဟာ ပြုပြင်စရာ မလိုအောင် ကောင်းပါတယ်။ တကယ်လို့
စိတ်ကြိုက် ပြင်ဆင် ချင်သေးတယ် ဆိုရင်–
- Control Panel > System
- Hardware ကို ရွေးချယ်ပါ။
- Device Manager ကို ကလစ်နှိပ်ပါ။
- ‘Mice and other pointing serices ဆိုတာ ရှိပါတယ်။ အဲဒီမှာ mouse ကို right click နှိပ်ပြီး properties
ကို စိတ်ကြိုက် ပြောင်းလဲ နိုင်ပါတယ်။

(၃၇) Restore point ကို ဖျက်ပစ်ပါ။
ကွန်ပျူတာရဲ့ စနစ်မှုာ တစ်ခုခု အမှားအယွင်း ဖြစ်နေခဲ့ရင် အရင်အတိုင်း အခြေအနေ ကောင်းလေးကို ပြန်လည်
ရရှိစေနိုင်ဖို့ System Restore ဆိုတာ ထားရှိပါတယ်။ Memory ကိုရော၊ Hard disk နေရာလွတ်
များများကိုရော လိုချင်တယ် ဆိုရင်အရင် restore point အဟောင်းတွေကို ဖျက်ပစ်ရပါမယ်။
- Start > All Programs > Accessories > System tools > Disk Clean up > More Options အထိ
ဆက်တိုက် သွားပါ။
- အဲဒီ More Options မှာရှိတဲ့ restore point အဟောင်းတွေကို delete လုပ်ပစ်ပေးပါ။

(၃၈) တစ်ပတ်တစ်ခါ defragment လုပ်ပါ။
- Start > All Programs > Accessories > System tools >Disk Defragmenter ကို ရွေးချယ်ပါ။
- Analyzing လုပ်တာနဲ့ Defragment လုပ်တာ နှစ်မျိုး ရှိပါတယ်။ နာရီဝက်၊ တစ်နာရီလောက် အချိန်
ပေးရပါမယ်။ ဒီ tool ဟာ window နဲ့ ‘built-in’ tool ဖြစ်ပြီး System မှာရှိတဲ့ မလိုအပ်တဲ့ ဖိုင်တွေနဲ့ အမှိုက်
အစအန တွေကို အထိုက်အလျှောက် ဖယ်ရှား ပေးတဲ့အတွက် သုံးစွဲ သင့်ပါတယ်။

(၃၉) ‘Virtual memory’ တည်ဆောက်ခြင်းဟာလည်း စနစ်ကို မြန်ဆန်စေပါတယ်။
ပီစီရဲ့ လိုအပ်တဲ့ ပရိုဂရမ်တွေကို မြန်မြန်ဆန်ဆန် သုံးစွဲနိုင်စေဖို့ ‘Virtual memory’ တည်ဆောက် နိုင်ပါတယ်။
- My Computer ကို Right Click နှိပ်ပြီး properties ကို ရွေးချယ်ပါ။
- ကျလာတဲ့ box ထဲမှာ Advanced ကို ထပ်မံ ရွေပေးပါ။
- ‘Performance’ မှာရှိတဲ့ ‘Settings’ ကိုရွေးချယ်ပါ။
- Change icon ကို ကလစ်နှိပ်ပါ။
- ပြီးရင် “customize” box ကို ‘on’ ပြီးတဲ့ အခါမှာ C.D.E ရှိတဲ့ drive တစ်ခုချင်း စီကို လိုသလောက် virtual
memory ထပ်မံ တိုးဖြည့်ပေးထားလို့ ရပါတယ်။ ပြီးရင် set command ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။

(၄၀) မြန်မြန်ဆန်ဆန် Lock လုပ်နည်း
‘Ctrl + Alt + Del’ ကို တွဲဖက်နှိပ်ရင် ‘Task Manger’ ပေါ်လာပါလိမ့်မယ်။ အဲဒီအထဲကမှ “Log-Off” ကို
ရွေးချယ်ပြီး အမြန် Lock လုပ်နိုင်ပါတယ်။
အဲဒီထက် ကောင်းတဲ့ နည်းကတော့-
- Kkeyboard က windows Logo Key လေးကို ဖိထားပါ။ ‘L’ ကို နှိပ်ပါ။
- Shutdown icon ကို တွေ့ရမှာ ဖြစ်သလို လိုအပ်သလို ပြန်လည် ၀င်ရောက်နိုင်တဲ့ Log-on buttom
ကလေးလည်း ပါဝင်ပါတယ်။

WinPasswordမေ့သွားလား

WinPasswordမေ့သွားလား

တစ်ချို့တွေက window ကို Password တွေပေးထားတပ်ပါတယ် တော်တော်များများပါပဲ ဒါပေမယ့် Password ပြောင်းတာတို့ မဖွင့်တာကြာတာတို့ နှင့် အမျှ Password ကိုမေ့သွားတက်ကြပါတယ် Password မေ့သွားလို့ Window ပြန်တင်ရတော့မှာလား အဲ့အဆင့်အထိမရောက်သေးပါဘူး ပြန်ယူလို့ရပါသေးတယ် အရင်ဆုံး ဒီ Software လေးကို Download လုပ်လိုက်နော် ပီးဒါနဲ့ .Zip ဖိုင်လေးတဲ့ တင်ထားပေးပါတယ် ဖြေချလိုက်ပါ ISO ဖိုင်လေးနဲ့ကျလာပါလိမ့်မယ် အဲ့ဖိုင်လေးကို ကို Burning Software (ဥပမာ လူသုံးများတဲ့ Nero Burning )တစ်ခုခုနဲ့ ခွေတစ်ချပ်ဘန်းလိုက်ပါ အဲ့ဒါတွေက တခြား ကွန်ပျူတာမှာလုပ်ရမှာဖြစ်ပါတယ် ပီးတာနဲ့ အဲ့ခွေလေးကို Password မေ့သွားတဲ့ မိမိကွန်ပျူတာမှာ ထည့်လိုက်ပါ အော်window တိုင်းတော့ရမှာမဟုတ်ဘူးနော် (XP, 2003, Vista, 2008) အိုက်ဒါတွေပဲရမှာပါ အကယ်၍ ခွေဖိုးနှမျှောတယ်ဆိုရင်တော့ စတစ်ကနေလုပ်လို့ရပါတယ် နည်းလေးကတော့ အရင်ဆုံး memory stick ကို format ချလိုက်ပါ ပီးတော့ ခုနကကျလာတဲ့ iso ဖိုင်ကို ထပ်ပီးတော့ ဖြေချလိုက်ပါ ပီးတော့ start >> Run မှာ cmd လို့ရိုက်ထည့်လိုက်ပါ ပီးဒါနဲ့ ဥပမာ memory stick က E: လို့ပေါ်နေတယ်ထားဗျာ အိုက်ဆိုရင် cmd ရိုက်ပီးဖွင့်ထားတဲ့ နေရာ screen မဲမဲကီးပေါ့ဗျာ အိုက်နားမှာ e: လို့ရိုက်ထည့်လိုက်ပါ ပီးတာနဲ့
syslinux.exe -ma e: လို့ရိုက်ထည့်လိုက်ပါ e: မှာ ပြင်ဆင်ဖို့လိုပါတယ် အကယ်၍ မိမိ memory stick က F: လို့ပြနေရင် F: လို့ရိုက်ထည့်ရမှာဖြစ်ပါတယ် ပီးတာနဲ့ memory stick ကို ကွန်ပျူတာမှာတပ်လိုက်ပါ အောက်ကနည်းတွေအတိုင်းစက်လုပ်ကြည့်လိုက်ပါ
ပီးတော့ http://0.tqn.com/d/pcsupport/1/0/I/2/-/-/biospostscreen1.jpg
Window မတက်မီ OS လေးထဲကိုဝင်လိုက်ပါ များသောအားဖြင့်ကတော့ Delete Key ကိုနှိပ်လိုက် တာနဲ့ ၀င်သွားတာများပါတယ် ကွန်ပျူတာအစားစားအလိုက် သူခလုပ်နဲ့သူရှိပါတယ် ပီးတော့ CD Room လေးနဲ့ Boot တက်လိုက်ပါ အောက်ကပုံလေးအတိုင်းပေါ်လာပါလိမ့်မယ်

http://0.tqn.com/d/pcsupport/1/0/L/9/-/-/offline-nt-password-05-upd.jpg


boot: _ ပေါ်လာပါက Enter ကို ခေါက်လိုက်ပါ။အစက်ကလေး ငါးစက်ပြည့်အောင်ပြေမှာဖြစ်ပါတယ် မပြည့်ခင်မှာ Enter ခေါက်ရမှာဖြစ်ပါတယ်
http://0.tqn.com/d/pcsupport/1/0/C/5/-/-/offline-nt-password-06.jpg

Wait for Offline NT Password & Registry Editor to Load
http://0.tqn.com/d/pcsupport/1/0/M/9/-/-/offline-nt-password-07-upd.jpg

Windows ရှိတဲ့ Partition ကို ရွေးပေးရပါမယ်။ Window အများစုမှာတော့ 1 ကိုပဲရွေးရရပါတယ်။ ကျွန်တော်တို့ 1 ကိုပဲ ရွေးပါမယ်။ 1 မရမှ သာလျှင် 2 ကို ရွေးပါ။ ကျွန်တော်တို့ 1 လို့ ရိုက်ပြီင်္း Enter ခေါက်လိုက်ပါ။
http://0.tqn.com/d/pcsupport/1/0/N/9/-/-/offline-nt-password-08-upd.jpg

Registry လမ်းကြောင်းရွေးခိုင်းပါလိမ့်မယ်။ Enter သာခေါက်လိုက်ပါ။

http://0.tqn.com/d/pcsupport/1/0/O/9/-/-/offline-nt-password-09-upd.jpg
ကျွန်တော်တို့က Password reset လုပ်မှာဖြစ်တဲ့အတွက် 1 ကိုရွေးပြီး Enter ခေါက်လိုက်ပါ။
http://0.tqn.com/d/pcsupport/1/0/P/9/-/-/offline-nt-password-10-upd.jpg

Enter သာခေါက်လိုက်ပါ။

http://0.tqn.com/d/pcsupport/1/0/Q/9/-/-/offline-nt-password-11-upd.jpg

မိမိ Edit လုပ်လိုတဲ့ Username ကို ရွေးပေးရပါမယ်။ ပြီရင် Enter ခေါက်ပါ။ (ကျွန်တော်ကတော့ Maw အမည်နဲ့ Account ပြုလုပ်ထားတဲ့အတွက် Maw လို့ရေးပြီး Enter ခေါက်လိုက်ပါတယ်။)
http://0.tqn.com/d/pcsupport/1/0/R/9/-/-/offline-nt-password-12-upd.jpg

Password ကို ဖျက်ချင်တယ်ဆိုရင်တော့ 1 လို့ ရိုက်ပြီး Enter ခေါက်ပါ။
Password အသစ်ပြန်ပေးမယ်ဆိုရင်
2 လို့ ရိုက်ပြီး Enter ခေါက်ပါ။
ဒီနေရာမှာ ကျွန်တော်ကတော့ Password ကို ဖျက်မှာဖြစ်တဲ့အတွက်
1 လို့ ရိုက်ပြီး Enter ခေါက်လိုက်ပါတယ်။

http://0.tqn.com/d/pcsupport/1/0/S/9/-/-/offline-nt-password-13-upd.jpg
Password Cleared ဖြစ်သွားပြီ ဖြစ်တဲ့အတွက် Enter ခေါက်လိုက်ပါ။

http://0.tqn.com/d/pcsupport/1/0/T/9/-/-/offline-nt-password-14-upd.jpg

Offline NT Password & Registry Editor ကနေ ထွက်ရန်အတွက် q လို့ ရိုက်ပြီး Enter ခေါက်ပါ။

http://0.tqn.com/d/pcsupport/1/0/U/9/-/-/offline-nt-password-15-upd.jpg
y လို့ ရိုက်ပြီး Enter ခေါက်ပါ။
http://0.tqn.com/d/pcsupport/1/0/V/9/-/-/offline-nt-password-16-upd.jpg
Enter ထပ်ခေါက်လိုက်ပါ။
http://0.tqn.com/d/pcsupport/1/0/W/9/-/-/offline-nt-password-17-upd.jpg
အခုဆိုရင် Account ရဲ့ Password ပျက်သွားပါပြီ။ Window ပြန်တက်လာပါက Password မေ့သွားလည်း ပြသာနာမရှိတော့ပါဘူး။
ပီးဆီးသွားပါက ကိုယ့်ဘာသာကိုယ် အကောင့် ကို password ပြန်လုပ်ထားလို့ရပါတယ် အဆင်ပြေကြပါစေဗျာ
တကယ်မေ့သွားမှလုပ်ပါလို့ပြောပါရစေဗျာ ဗဟုသုတတစ်ခုအနေနဲ့ပြောပြတာနော် တကယ်အခတ်အခဲကြုံနေသူများအတွက် ရည်ရွယ်ပါတယ် memory stick မှထည့်ပီးတော့ သူများကွန်ပျူတာတွေကို လိုက်ရှောက်ဖွင့်ဖို့မဟုတ်ပါဘူး finger print တွေကိုတောင်မှဖြတ်ပစ်လို့ရနိုင်ပါတယ် ဒါပေမယ့် မစမ်းဖူးပါဘူး အဆင်ပြေကြပါစေဗျာ
Download here 
ဒေါင်းလုပ်လုပ်ရန် 

Sunday, May 26, 2013

Windows script host error message အားဖြေရှင်းရန်

Windows script host error message အားဖြေရှင်းရန်






ကျွန်တော့်မိတ်ဆွေတစ်ယောက်ဖြစ်နေတာနဲ့ ကျွန်တော်လည်း ဖြေရှင်းနည်း အတိုလေး ရေးပေးပါ့မယ်။ Software တစ်ခုနဲ့ ဖြေရှင်းလိုက်ရင်လည်း ပြီးပါတယ်။ ဒါပေမယ့် Software မဒေါင်းပဲ ဒီအတိုင်းလေးပဲ ဖြေရှင်းကြည့်ရအောင်ဗျာ။ ဒီလို Script Host Errors လေးတွေကတော့ အများကြီးရှိပါတယ်.။ ကျွန်တော်လည်း အဆင်ပြေမယ့်ပုံလေးတစ်ပုံကိုဆွဲတင်ပေးလိုက်ရတော့ ဖြစ်နေတဲ့ Error နဲ့ တူချင်မှတူပါလိမ့်မယ်။ ကျွန်တော်အောက်မှာ ပုံလေးတွေနဲ့ တစ်ဆင့်ခြင်းစီပြပေးထားပါတယ်။ ကျွန်တော်တို့ အောက်မှာ ဆက်ကြည့်ရအောင်ဗျာ။
ကျွန်တော်တို့ ပထမဆုံး Start Menu > Run > msconfig ကိုရိုက်ပြီး System Configuration ကိုခေါ်လိုက်ပါမယ်။ အောက်မှာ ကြည့်လိုက်ပါ။


General Tab ရဲ့အောက်မှာ မျှားလေးနဲ့ ပြထားတဲ့အတိုင်း Selective Startup ကိုရွေးပေးပါ။ ပြီးရင် Load Startup items မှာခြစ်ထားတဲ့ အမှန်ခြစ်လေးကို ဖြုတ်ပေးလိုက်ပါ။ 

ပြီးရင်တော့ Apply Ok ပေါ့ဗျာ ။ Restart မပေးပါနဲ့ဦး။ Services Tab လေးကို ထပ်ဝင်လိုက်ပါ။ ပုံမှာ ထပ်ကြည့်ရအောင်။ 

ကျွန်တော်တို့ အောက်ဆုံးမှာပြထားတဲ့ Hide all Microsoft services ဆိုတာလေးကို အမှန်ခြစ်လေးပေးလိုက်ပါ။ ပြီးရင်တော့ စက်ကို Restart ပေးလိုက်ပါ။  ဒီလောက်ဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။ Normal Mode ကို ပြန်သွားချင်တယ်ဆိုရင်တော့ ဒီအဆင့်လေးအတိုင်းပဲ ပြန်ပြီး အမှန်ခြစ်လေးတွေပြန်ဖြုတ် ပြီး နဂိုအတိုင်းပြန်လုပ်ပေးလိုက်ရင် ရပါပြီ။  Windows Script လေးတွေ Download လုပ်ချင်တယ်ဆိုရင်တော့ အောက်ကလင့်ခ်လေးမှာ ယူလိုက်ပါခင်ဗျာ။ အဆင်ပြေပါစေ။
 Download here

Wednesday, May 22, 2013

Adobe Reader shortcut error ဖြေရှင်းရန်..

Adobe Reader shortcut error ဖြေရှင်းရန..


 

ကျွန်တော်အခု Window 7 နဲ့ Window Vista မှာအဖြစ်များနေတဲ့ Desktop ပေါ်က Shortcuts လေးတွေနဲ့  Application Files-Types လေးတွေ Adobe Reader Icon အဖြစ်ပြောင်းသွားတဲ့ Error လေးပဲဖြစ်ပါတယ်။ စာဖိုင်တွေမဟုတ်တဲ့ တခြား Setup ဖိုင်ပဲဖြစ်ဖြစ်၊ Video ဖိုင်ပဲဖြစ်ဖြစ်  အမှတ်တမဲ့နဲ့ Adobe Reader  နဲ့သွားဖွင့်မိတဲ့ အချိန်မှာ အခုလို Error တက်ခြင်းဖြစ်ပါတယ်။ ဒီ Error  လေးကို Window 7 မှာ အဖြစ်များပါတယ်။ ဒါပေမယ့် Adobe reader လေးကို  ပြန်ဖြုတ်လိုက်ရင်တော့   ပြန်ပြီးတော့ ကောင်းသွားပါတယ်။ ဒါပေမယ့် Adobe reader ကိုပြန်ပြီးတော့ Run တဲ့ အချိန်မှာတော့ပြန်ပြီး  Error ထပ်တက်ပါတယ်။ ကျွန်တော်တို့ အခု အဲ့ဒီ Error လေးကို ဖြေရှင်းကြည့်ရအောင်ဗျာ။

ကျွန်တော်တို့အခု Notepad လေးကိုဖွင့်လိုက်ပါ။ပြီးရင် ကျွန်တော်အောက်မှာပေးထားတဲ့ စာလေးတွေ ကို Notepad   လေးထဲကို ကူးထည့်ပေးလိုက်ပါ။ အခုရေးပေးမယ့်ကောင်လေးက Window 7 အတွက်   ဖြစ်ပါ တယ်။အနီရောင်နဲ့စာလေးတွေကိုအကုန်ကူးထည့်ပေးပါ။

Windows Registry Editor Version 5.00

;For [.LNK] and [.EXE] - Windows 7


[HKEY_CLASSES_ROOT\.LNK]
@="lnkfile"

[HKEY_CLASSES_ROOT\.LNK\ShellEx\{000214EE-0000-0000-C000-000000000046}]
@="{00021401-0000-0000-C000-000000000046}"

[HKEY_CLASSES_ROOT\.LNK\ShellEx\{000214F9-0000-0000-C000-000000000046}]
@="{00021401-0000-0000-C000-000000000046}"

[HKEY_CLASSES_ROOT\.LNK\ShellEx\{00021500-0000-0000-C000-000000000046}]
@="{00021401-0000-0000-C000-000000000046}"

[HKEY_CLASSES_ROOT\.LNK\ShellEx\{BB2E617C-0920-11d1-9A0B-00C04FC2D6C1}]
@="{00021401-0000-0000-C000-000000000046}"

[HKEY_CLASSES_ROOT\.LNK\ShellNew]
"Handler"="{ceefea1b-3e29-4ef1-b34c-fec79c4f70af}"
"IconPath"=hex(2):25,00,53,00,79,00,73,00,74,00,65,00,6d,00,52,00,6f,00,6f,00,\
  74,00,25,00,5c,00,73,00,79,00,73,00,74,00,65,00,6d,00,33,00,32,00,5c,00,73,\
  00,68,00,65,00,6c,00,6c,00,33,00,32,00,2e,00,64,00,6c,00,6c,00,2c,00,2d,00,\
  31,00,36,00,37,00,36,00,39,00,00,00
"ItemName"="@shell32.dll,-30397"
"MenuText"="@shell32.dll,-30318"
"NullFile"=""

[HKEY_CLASSES_ROOT\.LNK\ShellNew\Config]
"DontRename"=""

[HKEY_CLASSES_ROOT\lnkfile]
@="Shortcut"
"EditFlags"=dword:00000001
"FriendlyTypeName"="@shell32.dll,-4153"
"IsShortcut"=""
"NeverShowExt"=""

[HKEY_CLASSES_ROOT\lnkfile\CLSID]
@="{00021401-0000-0000-C000-000000000046}"

[HKEY_CLASSES_ROOT\lnkfile\shellex\ContextMenuHandlers\Compatibility]
@="{1d27f844-3a1f-4410-85ac-14651078412d}"

[HKEY_CLASSES_ROOT\lnkfile\shellex\ContextMenuHandlers\OpenContainingFolderMenu]
@="{37ea3a21-7493-4208-a011-7f9ea79ce9f5}"

[HKEY_CLASSES_ROOT\lnkfile\shellex\ContextMenuHandlers\{00021401-0000-0000-C000-000000000046}]
@=""

[HKEY_CLASSES_ROOT\lnkfile\shellex\DropHandler]
@="{00021401-0000-0000-C000-000000000046}"

[HKEY_CLASSES_ROOT\lnkfile\shellex\IconHandler]
@="{00021401-0000-0000-C000-000000000046}"

[HKEY_CLASSES_ROOT\lnkfile\shellex\PropertySheetHandlers\ShimLayer Property Page]
@="{513D916F-2A8E-4F51-AEAB-0CBC76FB1AF8}"

[-HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\FileExts\.LNK\UserChoice]

[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\FileExts\.LNK\OpenWithProgids]
"lnkfile"=hex(0):
 

[HKEY_CLASSES_ROOT\.EXE]
@="exefile"
"Content Type"="application/x-msdownload"

[HKEY_CLASSES_ROOT\.EXE\PersistentHandler]
@="{098f2470-bae0-11cd-b579-08002b30bfeb}"

[HKEY_CLASSES_ROOT\exefile]
@="Application"
"EditFlags"=hex:38,07,00,00
"FriendlyTypeName"=hex(2):40,00,25,00,53,00,79,00,73,00,74,00,65,00,6d,00,52,\
  00,6f,00,6f,00,74,00,25,00,5c,00,53,00,79,00,73,00,74,00,65,00,6d,00,33,00,\
  32,00,5c,00,73,00,68,00,65,00,6c,00,6c,00,33,00,32,00,2e,00,64,00,6c,00,6c,\
  00,2c,00,2d,00,31,00,30,00,31,00,35,00,36,00,00,00

[HKEY_CLASSES_ROOT\exefile\DefaultIcon]
@="%1"

[HKEY_CLASSES_ROOT\exefile\shell\open]
"EditFlags"=hex:00,00,00,00

[HKEY_CLASSES_ROOT\exefile\shell\open\command]
@="\"%1\" %*"
"IsolatedCommand"="\"%1\" %*"

[HKEY_CLASSES_ROOT\exefile\shell\runas]
"HasLUAShield"=""

[HKEY_CLASSES_ROOT\exefile\shell\runas\command]
@="\"%1\" %*"
"IsolatedCommand"="\"%1\" %*"

[HKEY_CLASSES_ROOT\exefile\shell\runasuser]
@="@shell32.dll,-50944"
"Extended"=""
"SuppressionPolicyEx"="{F211AA05-D4DF-4370-A2A0-9F19C09756A7}"

[HKEY_CLASSES_ROOT\exefile\shell\runasuser\command]
"DelegateExecute"="{ea72d00e-4960-42fa-ba92-7792a7944c1d}"

[HKEY_CLASSES_ROOT\exefile\shellex\ContextMenuHandlers]
@="Compatibility"

[HKEY_CLASSES_ROOT\exefile\shellex\ContextMenuHandlers\Compatibility]
@="{1d27f844-3a1f-4410-85ac-14651078412d}"

[HKEY_CLASSES_ROOT\exefile\shellex\DropHandler]
@="{86C86720-42A0-1069-A2E8-08002B30309D}"

[HKEY_CLASSES_ROOT\exefile\shellex\PropertySheetHandlers]

[HKEY_CLASSES_ROOT\exefile\shellex\PropertySheetHandlers\PifProps]
@="{86F19A00-42A0-1069-A2E9-08002B30309D}"

[HKEY_CLASSES_ROOT\exefile\shellex\PropertySheetHandlers\ShimLayer Property Page]
@="{513D916F-2A8E-4F51-AEAB-0CBC76FB1AF8}"

[-HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\FileExts\.EXE\UserChoice]

[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\FileExts\.EXE\OpenWithProgids]
"exefile"=hex(0):

အနီနဲ့ရေးထားတဲ့စာလေးတွေကို အကုန်ကူးထည့်ပြီးသွားပြီဆိုရင် File name ကို  Exe.reg   ဆိုတဲ့ Name နဲ့ Save ပေးပါ။နောက်တစ်ခုက Save as type ဆိုတဲ့ နေရာမှာ All files  ဆိုတာ လေးကိုလည်းပြောင်းပေးဖို့လိုပါတယ်။ အဲ့ဒါဆိုရင် Reg ဖိုင်လေးရလာပါမယ်။ အဲ့ဒီကောင်လေးကို Double-click ပေးပြီး Run လိုက်ပါပြီးရင်တော့ စက်ကို Restart ချပေးလိုက်ပါ။ Error လေးပြန်ကောင်းသွားပါ လိမ့် မယ်။ အခုအောက်မှာ ရေးပေးမှာက Window  Vista အတွက်ပါ။

Windows Registry Editor Version 5.00

;For [.LNK] and [.EXE] - Windows Vista.


[HKEY_CLASSES_ROOT\.lnk]
@="lnkfile"

[HKEY_CLASSES_ROOT\.lnk\ShellEx]

[HKEY_CLASSES_ROOT\.lnk\ShellEx\{000214EE-0000-0000-C000-000000000046}]
@="{00021401-0000-0000-C000-000000000046}"

[HKEY_CLASSES_ROOT\.lnk\ShellEx\{000214F9-0000-0000-C000-000000000046}]
@="{00021401-0000-0000-C000-000000000046}"

[HKEY_CLASSES_ROOT\.lnk\ShellEx\{00021500-0000-0000-C000-000000000046}]
@="{00021401-0000-0000-C000-000000000046}"

[HKEY_CLASSES_ROOT\.lnk\ShellEx\{BB2E617C-0920-11d1-9A0B-00C04FC2D6C1}]
@="{00021401-0000-0000-C000-000000000046}"

[HKEY_CLASSES_ROOT\.lnk\ShellNew]
"Handler"="{ceefea1b-3e29-4ef1-b34c-fec79c4f70af}"
"IconPath"=hex(2):25,00,53,00,79,00,73,00,74,00,65,00,6d,00,52,00,6f,00,6f,00,\
  74,00,25,00,5c,00,73,00,79,00,73,00,74,00,65,00,6d,00,33,00,32,00,5c,00,73,\
  00,68,00,65,00,6c,00,6c,00,33,00,32,00,2e,00,64,00,6c,00,6c,00,2c,00,2d,00,\
  31,00,36,00,37,00,36,00,39,00,00,00
"ItemName"="@shell32.dll,-30397"
"MenuText"="@shell32.dll,-30318"
"NullFile"=""
"Command"=-

[HKEY_CLASSES_ROOT\.lnk\ShellNew\Config]
"DontRename"=""

[HKEY_CLASSES_ROOT\lnkfile]
@="Shortcut"
"EditFlags"=dword:00000001
"FriendlyTypeName"="@shell32.dll,-4153"
"NeverShowExt"=""
"IsShortcut"=""

[HKEY_CLASSES_ROOT\lnkfile\CLSID]
@="{00021401-0000-0000-C000-000000000046}"

[HKEY_CLASSES_ROOT\lnkfile\shellex]

[HKEY_CLASSES_ROOT\lnkfile\shellex\ContextMenuHandlers]

[HKEY_CLASSES_ROOT\lnkfile\shellex\ContextMenuHandlers\OpenContainingFolderMenu]
@="{37ea3a21-7493-4208-a011-7f9ea79ce9f5}"

[HKEY_CLASSES_ROOT\lnkfile\shellex\ContextMenuHandlers\{00021401-0000-0000-C000-000000000046}]
@=""

[HKEY_CLASSES_ROOT\lnkfile\shellex\DropHandler]
@="{00021401-0000-0000-C000-000000000046}"

[HKEY_CLASSES_ROOT\lnkfile\shellex\IconHandler]
@="{00021401-0000-0000-C000-000000000046}"

[-HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\FileExts\.lnk\UserChoice]


[HKEY_CLASSES_ROOT\.EXE]
@="exefile"
"Content Type"="application/x-msdownload"

[HKEY_CLASSES_ROOT\.EXE\PersistentHandler]
@="{098f2470-bae0-11cd-b579-08002b30bfeb}"

[HKEY_CLASSES_ROOT\exefile]
@="Application"
"EditFlags"=hex:38,07,00,00
"FriendlyTypeName"=hex(2):40,00,25,00,53,00,79,00,73,00,74,00,65,00,6d,00,52,\
  00,6f,00,6f,00,74,00,25,00,5c,00,53,00,79,00,73,00,74,00,65,00,6d,00,33,00,\
  32,00,5c,00,73,00,68,00,65,00,6c,00,6c,00,33,00,32,00,2e,00,64,00,6c,00,6c,\
  00,2c,00,2d,00,31,00,30,00,31,00,35,00,36,00,00,00

[HKEY_CLASSES_ROOT\exefile\DefaultIcon]
@="%1"

[HKEY_CLASSES_ROOT\exefile\shell]

[HKEY_CLASSES_ROOT\exefile\shell\open]
"EditFlags"=hex:00,00,00,00

[HKEY_CLASSES_ROOT\exefile\shell\open\command]
@="\"%1\" %*"
"IsolatedCommand"="\"%1\" %*"

[HKEY_CLASSES_ROOT\exefile\shell\runas]

[HKEY_CLASSES_ROOT\exefile\shell\runas\command]
@="\"%1\" %*"
"IsolatedCommand"="\"%1\" %*"

[HKEY_CLASSES_ROOT\exefile\shellex]

[HKEY_CLASSES_ROOT\exefile\shellex\DropHandler]
@="{86C86720-42A0-1069-A2E8-08002B30309D}"

[-HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\FileExts\.exe\UserChoice]

အခုရေးပေးထားတာလေးက Window Vista အတွက်ပါ။ ဒီကောင်လေးကိုလည်း အပေါ်မှာရေးပေးထား
တဲ့အတိုင်း Exe.reg  ဆိုတာရယ် File types မှာ All files ကိုပေးပေးပါ။ သူကို့လုပ်ရတာအဆင်မပြေ
ရင်ကျွန်တော် လုပ်ထားတာလေးကို တင်ပေးထားပါတယ်။ အောက်မှာယူလိုက်ပါ။

Win 7 အတွက်ဒေါင်းလုပ်လုပ်ရန်

For Window Vista

ကျွန်တော် Ziddu မှာ တင်ပေးထားပါတယ်။ နောက်တစ်နည်းကတော့ Default Programs လုပ်တဲ့နည်းနဲ့ ရှင်းကြည့် ခြင်းဖြစ်ပါတယ်။ Start menu ကနေ Default Programs ကိုပေးလိုက်ပါ။ အဲ့ဒီကနေ Set your default programs   ဆိုတာလေးကို ရွေးလိုက်ပါ။    အဲ့ဒီကနေ ကျွန်တော်တို့ web browser တစ်ခုခု ဒါမှမဟုတ်ကိုယ်လိုချင်တဲ့ item လေးတစ်ခုခုကို list ထဲကနေရွေးပေးလိုက်ပါ။  ရွေးပြီးတာနဲ့  Set this program as default ဆိုတာလေးကိုပေးပြီး Ok ပေးလိုက်ပါ။ အဲ့ဒါပြီးရင်တော့ စက်ကို Restart ချပေးပြီး စစ်ကြည့်လိုက်ပါ။
ဒါမှမရသေးဘူးဆိုရင် နောက်ထပ်   တစ်နည်းထပ်ပြောပါ့မယ်။ အခုတစ်နည်းက  ကျွန်တော်တို့ ရဲ့Hidden Files and Folders တွေကနေပြီးဖြေရှင်းတာဖြစ်ပါတယ်။ အခုကျွန်တော်တို့ Hidden Filesနဲ့ Folders တွေကိုပြန်ဖေါ်ပါ့မယ်။ Window 7 မှာဆိုရင်  Start menu  ကနေပြီးတော့  Control Panel ကိုရွေးလိုက်ပါ။  အဲ့ဒီကနေမှ  Appearance   and   Personalization ဆို တာကိုရွေးပေးပါ။ အဲ့ဒီကနေ Folder Option ကိုရွေးပေးပါ။   Folder မှာ  View tab      ကိုရွေးလိုက်ပါ။ အောက်က Advance settings မှာ  Show  hidden  files,  folders,  and drives    ဆိုတာလေးကိုရွေးပေးပြီးOK ပေးလိုက်ပါ။ Window Vista မှာဆိုရင်လည်းအတူတူပါပဲ။   Hidden  Files  and  Folders တွေကိုဖေါ်ပြီးရင်တော့ C:\Users\Owner\AppData\Local’ folder နဲ့ hiddenဖြစ်နေတဲ့ IconCache.dbfile ဆိုတာလေးကို Delete လုပ်လိုက်ပါ။  ဒီမှာပဲ နောက်ထပ် တစ်နည်းထပ်လုပ်ကြည့်ပါ့မယ်။   အခုtask manager လေးကိုဖွင့်လိုက်ပါ။ CTRL+SHIFT+ESC ပဲနှိပ်နှိပ် Run မှာ taskmgr.exe ဆိုတာကိုရိုက်ထည့်ပြီး  Run  လို့လဲရပါတယ် ။  အဲ့ဒီကနေ  Process   tab   ကိုရွေးလိုက်ပါ။   အောက်မှာ Explorer.exe   process   ကိုရွေးပေးပြီး  End  Process ပေးလိုက်ပါ။ ပြီးရင်  Run  ကနေပြီးတော့cmd ကိုရိုက်ထည့်ပြီး command prompt ကိုဖွင့်လိုက်ပါ။ အဲ့ဒီမှာ ကျွန်တော်အောက်မှာ ပြထားတဲ့အတိုင်းရိုက်ထည့်ပေးလိုက်ပါ။
 
CD /d %userprofile%\AppData\Local
DEL IconCache.db /a
EXIT
ပြီးတာနဲ့ RUN မှာ EXPLORER.EXE ကိုရိုက်ထည့်ပြီး ပြန်ဖွင့်ပေးလိုက်ပါ။ပြီးရင်တော့ စက်ကို Restart ချပေး လိုက်ပါ။ အခုဆိုရင် အဆင်ပြေလောက်ပြီလို့ထင်ပါတယ်ခင်ဗျာ။ အခုကျွန်တော်တို့ရဲ့ စက်တွေများ အခုလို Error  မျိုးလေးတွေကတော်တော်များများကြုံတက်ပါတယ်။တစ်ချို့သူတွေက Window  ပြန်တင်လိုက်တာ မျိုးလဲရှိပါတယ်။ အခုကျွန်တော် Window ပြန်တင်စရာမလိုပဲနဲ့ ဖြေရှင်းနိုင်အောင်ရေးပေးလိုက် တာဖြစ်ပါ တယ် ။ နည်းနည်းရှည်သွားပါတယ်။သည်းခံပြီးဖတ်ပေးလို့ကျေးဇူးတင်ပါတယ်